SJ WorldNews - шаблон joomla Авто

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ရှမ်းပြည်နယ် အတွင်းရှိ ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအား တွေ့ဆုံ

Sunday, 22 July 2018 09:17 font size decrease font size decrease font size increase font size increase font size

တောင်ကြီး ဇူလိုင် ၂၁

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ ဝင်များအား ယနေ့ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ကြားဖြတ်ရွေးကောက်ပွဲကို ၂ဝ၁၈ ခုနှစ်နိုဝင်ဘာ ၃ ရက်တွင် လစ်လပ်နေရာ ၁၃ နေရာအတွက် ကျင်းပသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အနေဖြင့် လဲ ချားပြည် သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်နယ်/ခရိုင်/မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့များ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် များကို သတ်မှတ်အချိန် ဇယားနှင့်အညီ ပြင်ဆင်ဆောင်ရွက်သွားရန် လိုကြောင်း။

ယခုအချိန်တွင် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ အမည်စာရင်းကို တင်သွင်းကြပြီးဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်းများကို စိစစ်အတည်ပြု ရာတွင် ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့် အညီဖြစ်ရန်အတွက် ပွင့်လင်းမြင်သာမှု ရှိရန်နှင့် သတ်မှတ်အချိန် ကာလအတွင်းပြီးစီးရန် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၊ ပြည်ထောင်စု ကော်မရှင်တို့နှင့် တင်ပြညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း။

ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးသည် ကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်တို့ဖြင့်သာ ဆောင်ရွက်၍ မရကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အ စည်းများ၊ မီဒီယာများ၊ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်သည့်အတွက် အားလုံးနှင့် အဆင်ပြေ ချောမွေ့မည့် ဆက်ဆံရေးရှိရန် လိုအပ်ကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို စေတနာထားပြီး ဘက်လိုက်မှု၊ အဂတိကင်းစွာ ပြည်သူ့ဆန္ဒအမှန် ဖြစ်စေရေး ဆောင်ရွက်ကြစေလိုကြောင်း၊ ကြားဖြတ်ရွေး ကောက်ပွဲရှိသည့် ကော်မရှင်အဖွဲ့ခွဲများ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲကို အောင်မြင်စွာ ဆောင်ရွက်ကြရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲ မရှိသည့် ကော်မရှင်အဖွဲ့ခွဲများ အနေဖြင့် လိုအပ်ချက်များကို ကူညီဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲများအတွက် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်လိုအပ်ကြောင်း မှာကြားသည်။

ယင်းနောက် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားကြပြီး ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့်မြို့ နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read 200 times Last modified on Sunday, 22 July 2018 09:19