SJ WorldNews - шаблон joomla Авто

ဝက်လက်မြို့နယ် ကုန်ထုတ်လမ်း ဆောင်ရွက်နေမှု ကွင်းဆင်း စစ်ဆေး

Saturday, 14 July 2018 11:43 font size decrease font size decrease font size increase font size increase font size

ဝက်လက် ဇူလိုင် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ကျေးလက် ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရ ခွင့်ပြုရန်ပုံငွေ ၄၂ ဒသမ ၄၇ သန်းဖြင့် ဆောင်ရွက်သည့်

ရွှေပန်းကုံးကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်  ဦးစိုးဝင်းထွန်း၊ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးဝင်းကျော်မျိုးနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိခင်ညို၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးမြင့်နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်လွင်ဦးတို့က ယမန်နေ့ ညနေ ၃ နာရီက ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးဝင်းကျော်မျိုးက ကုန်ထုတ်လမ်း အရှည် ၁ မိုင်၊ ၁၂ ပေx ၆ လက်မ ဂျင်းကျောက်လမ်း ခင်းကျင်းနေမှု သတ်မှတ်စံချိန် စံညွှန်းပြည့်မီရန်၊ လမ်းအကျယ်နှင့် လမ်းသားထု ပြည့်မီရန်၊ ရေမြောင်းနှင့် လမ်းသားအကြား Step ထားရှိရန်၊ စက်ကြိတ်ရာတွင် သိပ်သည်းမှု ရှိစေရန်၊ လုပ်ငန်းများ အစီအစဉ်အတိုင်း ကြီးကြပ်ဆောင်ရွက် သွားရန်နှင့် ဆောင်ရွက်ပြီးသည့် လုပ်ငန်း များကို စဉ်ဆက်မပြတ်ကြည့်ရှု စစ်ဆေးရန် မှာကြားသည်။

အဆိုပါ ကုန်ထုတ်လမ်းမှာ အကျိုးပြု တောင်သူဦးရေ ၁၆၇ ဦး၏ စိုက်ပျိုးဧက ၁၁ဝဝ ကျော်မှထွက်ရှိသော သီးနှံများကို အခြားဒေသများသို့ ရာသီမရွေး ပို့ဆောင်ပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။ စံကျော်အုန်း

Read 85 times Last modified on Saturday, 14 July 2018 11:44