SJ WorldNews - шаблон joomla Авто

ကွန်ဒိုတိုက်ခန်းနှင့် လူသုံးကုန်ပစ္စည်း မျိုးစုံကို တစ်နေရာတည်းတွင် စုံလင်စွာ ရရှိနိုင်မည့် ကုန်စည်ပြပွဲ ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ်

Thursday, 16 May 2019 13:11 font size decrease font size decrease font size increase font size increase font size

လစဉ်ငွေကျပ် သုံးသိန်းကျော် ပေးရုံဖြင့် ကိုယ်ပိုင်တိုက်ခန်း ပိုင်ဆိုင်မည့် အထူးအခွင့်အရေးများ ရရှိမည့်အပြင် လူသုံးကုန်ပစ္စည်း မျိုးစုံ တစ်နေရာတည်း၌ စုံလင်စွာ ရရှိနိုင်မည့် High Life Expo 2019 ကုန်စည်ပြပွဲကို  မေ  ၃ဝ  ရက်မှ  ဇွန်    ရက်အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌  ကျင်းပရန် စီစဉ်ထားကြောင်း  Creation Strength Event Organization မှ ကော်မတီ အဖွဲ့ဝင်ဦးစိုးလှိုင်၏ ပြောဆိုချက်အရ   သိရသည်။

အဆိုပါကုန်စည်ပြပွဲကို  Creation Strength Event Organization မှ ကြီးမှူး ကျင်းပမည်ဖြစ်ပြီး Kabaraye ExecutiveResidence မှ   အဆင့်မြင့် ကွန်ဒိုအခန်းများကို  အထူးဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ်သည်။

ထို့ပြင် Naing Group Capital ကုမ္ပဏီက အရစ်ကျ ဝယ်ယူနိုင်သော တိုက်ခန်းများကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ်ပြီး  လစဉ်ငွေကျပ် သုံးသိန်းကျော် ပေးသွင်းရုံဖြင့်   ကိုယ်ပိုင်တိုက်ခန်း ပိုင်ဆိုင်မည့် အထူး အခွင့်အရေးများ အပြင် Yoma Bank နှင့် Myanmar Citizen Bank  တို့မှ လည်း လစဉ်ချေးငွေများ  လျှောက်ထားနိုင်မည်ဖြစ်သည်။

'' Cherry Yoma က ရောင်းချတဲ့ Suzuki Brand New Model ကားတွေကိုလည်း အချိုသာဆုံး ဈေးနှုန်း၊  အခိုင်မာဆုံး စာချုပ်စာတမ်းနဲ့  စုံစုံလင်လင် တစ်နေရာတည်းမှာ အရစ်ကျပေး ဝန်ဆောင်မှုနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။    အရည်အသွေး ကောင်းမွန်တဲ့ Living  Square မွေ့ရာကိုလည်း အထူးဈေးနှုန်းနဲ့  ခံစားရရှိစေမယ့် အပြင် လက်ဆောင် ပစ္စည်းတွေပါ ရရှိနိုင်မှာပါ။ Ocean Glory ကုမ္ပဏီက လုံခြုံစိတ်ချရတဲ့ မီးခံသေတ္တာတွေကိုလည်း  အထူးဈေးနှုန်းနဲ့  ရရှိစေမှာပါ''ဟု ကိုစိုးလှိုင်က ပြောသည်။

ထို့ပြင် အဆိုပါ ကုန်စည်ပြပွဲသည် လူသုံးကုန်ပစ္စည်း အမျိုးမျိုးကို တစ်နေရာတည်း၌ အထူးဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်၍ ဘဝနေထိုင်မှု အရင်းအမြစ်တွင်  အဓိကအရေးပါသော အခန်းကဏ္ဍ တစ်ခုဖြစ်ပေါ်လာစေရန် တီထွင်ဖန်တီး ပုံဖော်သွားမည်ဖြစ်သည်။

အဆိုပါကုန်စည်ပြပွဲတွင် ဘဏ်လုပ်ငန်းများ၊  အိမ်ရာနှင့်အိမ်ရာ ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့်  ယာဉ်ဆက်စပ်ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ အီလက်ထရွန်နစ် ပစ္စည်းများနှင့် တခြားသော စိတ်ဝင်စားဖွယ် လူသုံးကုန် ပစ္စည်းများစွာ  ပါဝင်ပြသလျက် ရှိပြီး တစ်နေရာတည်း၌  မိမိကြိုက်နှစ်သက်သည့်  ကုန်ပစ္စည်းများကိုလည်း ဈေးနှုန်းချိုသာစွာ    စုံစုံလင်လင် ဝယ်ယူရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

Read 14 times Last modified on Thursday, 16 May 2019 13:12