အခန်းဆက်ဝတ္ထုရှည်

မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

ယမန်နေ့မှအဆက်

      ကျွန်တော်     ကျောင်းစတင်တက်ရောက်သည့်နေ့ကဖြစ်သည်။

ကျောင်းအုပ်ဆရာကြီးဦးဘခင်   ကျွန်တော့်ကိုခေါ်ပြီး   စကားပြောသည်။

"နွေတုန်းက  မောင်ဘညွန့်  ဒီကျောင်းမှာ  လုပ်အားပေးစာပြဖို့ လျှောက်လိုက်သေးလား"

"ဟုတ်တယ်ဗျ ကျွန်တော် ဒီရွာကိုပဲရွေးလျှောက်လိုက်တာ၊ နောက်ပြီး  ရုံးကလည်း ဘာမှအကြောင်းမပြန်တာနဲ့ ရွာပြန်လာခဲ့တာ"

မြစ်ကို အလျှားစုန်ကူးခဲ့သည်

 

မြစ်ကို အလျှားစုန်ကူးခဲ့သည်

 

ယမန်နေ့မှအဆက်

    နောက်တစ်နေ့တွင် ကျွန်တော်တို့သားအဖ မြစ်ဆိပ်ဘက်သို့ ဆင်းလိုက်ကြသည်။ အုန်းပင်တွေပြိုလဲပြီး တစ်ပင်ပေါ်တစ်ပင်ဖိလဲကာ အုန်းပင်တန်းကြီး ရှုပ်ယှက်ခတ်လျက ်ငြိမ်သက်နေကြသည်။ မလဲမပြိုဘဲ မတ်တတ်ထောင်လျက်ရှိကြသော အုန်းပင်ရှည်များမှာလည်း အရွက်အလက်ဟူ၍ မရှိတော့ဘဲ လေတိုးလို့  မတ်တတ်ငြိမ်းနေကြသော  ဖယောင်းတိုင်များ နှယ်ပေတည်း။

မြစ်ကိုအလျှား စုန်ကူးခဲ့သည်

 

မြစ်ကိုအလျှား စုန်ကူးခဲ့သည်

 

ယမန်နေ့မှအဆက်

 

“ဟာ...ဟိုမှာ မေမေကြီး မေမေကြီးရေ...မေမေကြီးရေ သားတို့ ဒီမှာ ဒီမှာ”

“မေမေကြီး သားတို့ကို ကယ်ပါဦး”

“သမီးတို့ ဒီမှာ အမေ”

“ဟီး ဟီး ဟီး ဟီး”

“ဟင် … ဟာ … သားတို့၊ သမီးတို့ရေ ဟီး ဟီး ဟီး”

မြစ်ကိုအလျား စုန်ကူးခဲ့သည်

 

မြစ်ကိုအလျား စုန်ကူးခဲ့သည်

 

ယမန်နေ့မှအဆက်

အမေ့မှာ    ခေါင်းကနာကျင်နေသည်ကိုပင် သတိမရနိုင်ဘဲ  ကွင်းပြင်ထဲသို့ ပြေးထွက်လိုက်သည်။  အမေ ကွင်းပြင်ကနေ ကမ်းခြေဘက်သို့  လှမ်းကြည့်လိုက်၏။  သစ်ပင်၊ ချုံနွယ်၊ တောတန်းအကာအကွယ်များ ကင်းမဲ့နေပြီဖြစ်၍  ပင်လယ်ပြင်ကြီးကို အထင်းသားမြင်နေရသည်။ ပင်လယ်ပြင်ထဲတွင်ကား    ဖြာထွက်နေသော လှိုင်းလုံးကြီးများမှာ လှိုင်းကမ္ဘာကြီး ဖြစ်နေပေတော့သည်။

မြစ်ကိုအလျားစုန်ကူးခဲ့သည်

မြစ်ကိုအလျားစုန်ကူးခဲ့သည်

ယမန်နေ့မှအဆက်

ရွှေတူချိုင် အုန်းတောကို လှမ်းကြည့်လိုက်ရာ အုန်းပင်များ တအုန်းအုန်း တဒိုင်းဒိုင်းပြိုလဲနေကြသည်။ မလဲမပြိုဘဲ ကျန်နေကြသော အုန်းပင်များမှာလည်း ကြမ်းကြမ်းတမ်းတမ်း ယိမ်းထိုးနေကြ၏။ ကွင်းပြင် ကို ပြေးပြေးလွှားလွှား ဖြတ်ကျော်လိုက်သည်။ ကွင်းစပ်အဆုံးတွင် ရွှေတူချိုင်ချောင်းက တားဆီးနေ ပြန်သည်။

"ဟော တော်"

ချောင်းရေက ဝဲကတော့ထိုးပြီး စီးဆင်းနေပေရာ အမေရင်ထိတ်သွားသည်။

မြစ်ကိုအလျားစုန်ကူးခဲ့သည်

မြစ်ကိုအလျားစုန်ကူးခဲ့သည်

ယမန်နေ့မှအဆက်

မုန်တိုင်းထဲက မေမေ

မိုးဦးကာလပီပီ ကောင်းကင်ပြင်ကြီးတစ်ခုလုံး တိမ်မည်းညိုကြီး အလိပ်လိပ်တက်လာ၏။ လေက ပင်လယ်ပြင်ဘက်က ခပ်ကြမ်းကြမ်းတိုက်ခတ်နေပေသည်။ အမေ တဲရှေ့သို့ထွက်ပြီး  ကောင်းကင်ပြင် ကို    တစ်ချက်မော့ကြည့်လိုက်သည်။   "တော်ကြာ ငြိမ်သွားမှာပါပဲ"   ဆိုသောအသိသည်    အမေ၏ နှလုံးသား၌ ခိုတွယ်နေရာ ယူလိုက်သည်။

မြစ်ကိုအလျားစုန်ကူးခဲ့သည်

မြစ်ကိုအလျားစုန်ကူးခဲ့သည်

ယမန်နေ့မှအဆက်

''တို့ ရွာကထွက်လာတာ ငါးရက်ရှိပြီနော်၊ လာတုန်းက ရာသီဥတု ဒီအခြေအနေမဟုတ်ပါဘူး။ အခု အရဲစွန့်ပြီး တိုးသွားရင်လည်း ရှေ့က ကုလားတန်မြစ်ဝ ဒီလိုရာသီမျိုးနဲ့ဆို မလွယ်ဘူး ဒုက္ခရောက်သွား နိုင်တယ်။ နောက်ပြန်ဆုတ်ဖို့ကလည်း ရေကျချိန် လေကလည်းမြစ်ညာက တိုက်နေတယ် တော်တော် ပြဿနာပဲ"

အသက်တော်တော် ရနေပြီဖြစ်သော လှေသမား ဦးကျော်ထွန်းမှာ မိမိတစ်ဦးတည်း ဟိုဟိုသည်သည် စဉ်းစားရင်း ပြောနေခြင်းဖြစ်သည်။