နေပြည်တော်၊ ဧပြီ ၁၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကင်မွန်းချောင်း နယ်မြေရဲစခန်းအား ဧပြီလ ၁၂ ရက် ည ၈ နာရီခွဲအချိန်တွင် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူ(စိစစ်ဆဲ) အင်အား ၃၀ ဦးခန့်က ရဲစခန်း၏ အရှေ့ဘက်၊ မြောက်ဘက်နှင့် အနောက်ဘက်တို့မှ ဖြန့်ခွဲ၍ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဲစခန်းမှူးဦးစီးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ထိတွေ့မှုဖြစ်ပွားခဲ့ရာ ည ၉ နာရီ ၁၀ မိနစ်အချိန်တွင် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူ များမှ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း တပ်ဖွဲ့ဝင်များနှင့် မိသားစုများ ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားသည့်နေရာတဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်ကြပ်လိုက်လံ ပိတ်ဆို့၍ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။