မြင်းခြံမြို့ရှိ အခြေခံပညာကျောင်း၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ဆူပူအကြမ်းဖက်သူလူတစ်စုက အကြမ်းဖက်ရန်ပြုတိုက်ခိုက်

နေပြည်တော်၊ ဧပြီ ၁၃

   

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၁၃)ရပ်ကွက်၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဆူပူအကြမ်းဖက်သူအင်အား ၁၀ ဦးခန့်က လာရောက်၍ လက်လုပ်သေနတ်၊ လေးခွ၊ ဂျင်ကလိများဖြင့် အကြမ်းဖက်ရန်ပြုပစ်ခတ်တိုက်ခိုက်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့် ပစ်ခတ် လူစုခွဲခဲ့ရာ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ကြောင်း သိရှိရသည်။

   

အဆိုပါဖြစ်စဉ်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။