ကြည့်မြင်တိုင်မြို့နယ်အတွင်း မုဒိန်းမှုကျူးလွန်ခဲ့သူအား ပြစ်ဒဏ်ချမှတ်

နေပြည်တော်၊ ဇွန် - ၁၆

 

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ အလယ်ချောင်ရပ်ကွက်ရှိ အမျိုးသမီးငယ်တစ်ဦးအား သက်နောင်ထွန်း (ဘ)ဦးလှတင် သည် ဧပြီ ၂၉ ရက်မှ မေ ၆ ရက်အထိ အလိုမတူဘဲ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ပြီး မုဒိန်းမှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၇၆(၁) အရ ၎င်းအား ဇွန် ၁၅ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ်(၂၀)နှစ် ” အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိ သည်။