မူဆယ်၊ စိုက်ပျိုးရေး
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို မေ ၂၄ ရက် နံနက်ပိုင်းတွင် မူဆယ်မြို့ ရွှေသမင် ကာကွယ်တော အတွင်း၌ ကျင်းပသည်။ ရှေးဦးစွာ မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့်တာဝန်ရှိသူများက သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာသူများကို ပျိုးပင်များ အသီးသီးပေးအပ်ကြသည်။
ဆက်လက်၍ သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကိုစိုက်ပျိုးကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြ သည်။
အဆိုပါမိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်တွင် ထင်းရှူးပင် ၅၀၊ ကံ့ကော်ပင် ၂၀၊ သစ်လှပင် ၃၀၊ မန်ဂျန်ရှားပင် ၃၀၊ ခါတော်မီ ၃၂ ပင်၊ မဲဇလီပင် ၅၀၊ ပျဉ်းမ ၅၂ ပင်၊ ရေပိတုံး ၃၂ ပင်၊ စွယ်တော် ၁၀ ပင်၊ သစ်အယ်ပင် ၃၀၊ မည်စည်သုံးပင်၊ ညံသုံးပင်၊ မဟော်ဂနီ နှစ်ပင်၊ ခရေ ၁၁ ပင်တို့ကို စိုက်ပျိုးကြကြောင်း သိရသည်။
ကျော်ဇောဦး(မောရှမ်းမြေ)