CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအနေဖြင့် ကြိုဆိုရေးစခန်းများ၊ နီးစပ်ရာလုံခြုံရေး စခန်းများအပြင် နီးစပ်ရာမြို့နယ်များရှိ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့၊  

CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအနေဖြင့် ကြိုဆိုရေးစခန်းများ၊ နီးစပ်ရာလုံခြုံရေး စခန်းများအပြင် နီးစပ်ရာမြို့နယ်များရှိ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့၊  မြို့နယ်လူမှု ဝန်ထမ်းရုံးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တရားဝင် အသိအမှတ်ပြုထားသည့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့အသီးသီးသို့လည်း ဆက်သွယ် ဆောင်ရွက်နိုင်မည်ဖြစ်

နေပြည်တော်  ဇူလိုင်  ၂၅

နယ်စပ်ဒေသအသီးသီးနှင့် အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွင်းသို့ ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်း အသီးသီးနှင့် နီးစပ်ရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်း အသီးသီးသို့ ဆက်သွယ်၍  ဥပဒေဘောင်အတွင်း  ပြန်လည် ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့သတင်းပို့ ဆက်သွယ်သူများကို သတ်မှတ် စည်းကမ်းချက်များနှင့် အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက် ပေးသွားမည်ဖြစ်ကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ  သတင်းထုတ်ပြန်ရေး အဖွဲ့က အသိပေး ထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။

ထိုသို့ သဘောထား ထုတ်ပြန်ပြီးနောက်ပိုင်းတွင်  နိုင်ငံတော်၏ လူသားအရင်းအမြစ်များ မလိုလားအပ်ဘဲ ဆုံးရှုံးမှု မရှိစေရေးအတွက် တာဝန်မှ ကင်းကွာနေသော အခြေခံပညာရေး ဝန်ထမ်းများကို ပြန်လည်ဖိတ်ခေါ်ရာတွင် ၃၁၅၆ ဦး၊ ရေးဖွင့်ထားသည့် အမှုများအား ပိတ်သိမ်းရန်   ဆက်သွယ်လာသူ ၁၀၀၉ ဦး၊ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်သူများအနက်မှ  ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်ဖိတ်ခေါ်ရာတွင် ၂၃၁ ဦး ပြန်လည်ဝင်ရောက်လာပြီး ဖြစ်သည်။ အဆိုပါ  ပြန်လည်ဝင်ရောက် လာသူများအား စနစ်တကျ လက်ခံပေးခြင်း၊  မိဘရပ်ထံပြန်လည် အပ်နှံခြင်းများ ဆောင်ရွက်ပေးလျက် ရှိခြင်း တို့ကြောင့် ယခုအခါတွင် ပြန်လည်ဝင်ရောက် လာသူများနှင့် ပြန်လည် ဝင်ရောက်လိုသူများ  များပြားလျက် ရှိသည်ကို တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း  ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများအား ကျယ်ကျယ်ပြန့်ပြန့် ပိုမိုလက်ခံ ဆက်သွယ်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက် ရှိသည်။

ထိုသို့ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုလက်ခံနိုင်ရေး လုပ်ဆောင်ပေးလျက်ရှိရာ  နိုင်ငံတော်အစိုးရ အနေဖြင့်  ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအား နယ်စပ်ဒေသ အသီးသီးတွင် ကြိုဆိုလက်ခံရေးစခန်းများ ဖွင့်လှစ်လက်ခံသကဲ့သို့ နီးစပ်ရာ မြို့နယ်များရှိ မြို့နယ်ကြက်ခြေနီအသင်း၊   မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၊  မြို့နယ်လူမှုဝန်ထမ်းရုံးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ  တရားဝင် အသိအမှတ်ပြုထားသည့်  လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့   အသီးသီးတို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းနှင့်    ယင်းသို့သတင်းပို့ ဆက်သွယ်သူများကို  သတ်မှတ်စည်းကမ်းများနှင့် အညီ  နေ့စဉ်ပြည်သူ့ဘဝတွင်   အေးချမ်းစွာ နေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ