စိုက်ပျိုးရေရရှိရေး လယ်ကြားမြောင်းတူးဖော်မှုစစ်ဆေး

ပန်းတောင်း၊ ရေရရှိရေး

စိုက်ပျိုးရေရရှိရေး လယ်ကြားမြောင်းတူးဖော်မှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒေါင်းမြတ်နား ကျေးရွာအုပ်စု ရွာသစ်ကျေးရွာရှိ ကျေးလက်နေတောင်သူများ စိုက်ပျိုးရေရရှိရန် လယ်ကြားမြောင်း တူးဖော်ဆောင်ရွက်နေမှု အခြေအနေများကို ဇူလိုင် ၂၅ ရက်နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ ပန်းတောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းသန်းဇော်နှင့် တာဝန်ခံဝန်ထမ်းများက စီမံကိန်း ကော်မတီဝင်များနှင့်အတူ ဒေါင်းမြတ်နားကျေးရွာအုပ်စု ရွာသစ်ကျေးရွာ၌ စိုက်ပျိုးရေရရှိရန် လယ်ကြားမြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းအားလုံးပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်ကြရန်မှာကြားသည်။

ဒေါင်းမြတ်နား ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ၌ စိုက်ပျိုးရေရရှိရန် လယ်ကြားမြောင်းတူးဖော်ခြင်းလုပ်ငန်းကို Cash For Work(CFW) စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာနေပြည်သူလူထုကိုယ်တိုင် ဇူလိုင် ၁၃ ရက်ကစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။           

မင်းမြင့်မိုရ်(ကျေးလက်)