ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘာဝဘေးအန္တရာယ် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘာဝဘေးအန္တရာယ် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

ကျိုက်မရော၊ အသိပညာပေး

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ အသိပညာပေးဟောပြောပွဲများ ကျင်းပလျက်ရှိရာ   ဇူလိုင် ၂၅ ရက်တွင် အခြေခံပညာ အထက်တန်းကျောင်း (ပိန္နဲကုန်း)ရှိမြင့်မြတ်ဂုဏ်ဆောင်ခန်းမ၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ၊ သဘာဝဘေးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(ပိန္နဲကုန်း) တာဝန်ခံဆရာကြီး ဦးမြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ကလေးသူငယ်အခွင့်အရေးများ ကိုယ်တိုင်သိရှိ နားလည်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ပြည်နယ်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တာဝန်ရှိသူများက ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောကြရာ ကျောင်းသား၊ ကျောင်းသူများက သိရှိ လိုသည်များကို ပြန်လည်မေးမြန်းကြသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား လက်ဆောင်ပစ္စည်းများနှင့် အာဟာရမုန့်များ ပေးအပ်ကာ အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)