ဆပ်ပြာနဲ့ရေကို အသုံးပြုပြီး စက္ကန့် ၂ဝ ကြာအောင် လက်ဆေးဖို့ လိုအပ်ရခြင်းမှာ -

၁။ကိုရိုနာဗိုင်းရပ်ပိုး ကပ်တင်နေတဲ့ အရာဝတ္ထုတွေကို ကိုင်တွယ်ထားမိတဲ့ လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ်မိရင် ရောဂါကူးစက်ခံရနိုင်ပါတယ်။

၂။ ကိုရိုနာဗိုင်းရပ်အား အပေါ်ယံ အဆီမျက်နှာပြင်အလွှာနဲ့ ဖုံးအုပ်ထားပါတယ်။

၃။ ဆပ်ပြာမော်လီကျူးဟာ အဲ့ဒီအဆီ မျက်နှာပြင်ကို ပျက်စီးစေပြီး စက္ကန့် ၂ဝ ခန့်အကြာမှာ ကိုရိုနာဗိုင်းရပ်ကို အပိုင်းပိုင်း ဖြစ်သွားစေပါတယ်။