IS အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်နေသည့် စစ်သွေးကြွခြောက်ဦးကို အာဖဂန်လုံခြုံရေးအဖွဲ့ ဖမ်းဆီး
အာဖဂန်နစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် IS အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်နေသည့် စစ်သွေးကြွခြောက်ဦးကို နိုင်ငံ၏အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၃ ရက်တွင်ထုတ်ပြန်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းပေးချက်အရ ပြည်နယ်အတွင်း၌ စီးနင်းမှုများ လုပ်ဆောင်ပြီးနောက် စစ်သွေးကြွများကိုဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်သွေးကြွများနှင့်အတူ ချေမှုန်းရေးရိုင်ဖယ်များ၊ ခဲယမ်းများကိုပါသိမ်းဆည်းရမိခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်ကြေညာချက်တွင် ဖော်ပြသည်။ သို့ရာတွင် စီးနင်းမှုများကို မည်သည့်နေ့ရက်တွင် လုပ်ဆောင်ခဲ့သည်ဟူသော အသေးစိတ် အချက်အလက်များကို မူထုတ်ပြန်ထားခြင်းမရှိပေ။
အာဖဂန်နစ္စတန်၌ လက်ရှိတွင်တာလီဘန်အဖွဲ့က အုပ်ချုပ်လျက်ရှိပြီး နိုင်ငံအတွင်းရှိ စစ်သွေးကြွ အဖွဲ့များကို ဆက်လက်ချေမှုန်းသွားမည်ဟု ပြောကြားထားကြောင်း သိရသည်။
Ref: Xinhua