မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်ကို ပူးပေါင်းတုံ့ပြန်မည်ဟုဆို
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်တို့၏ ခြိမ်းခြောက်မှုများကိုညှိနှိုင်း၍ ပူးပေါင်းတုံ့ပြန်သွားမည်ဟု အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံခေါင်းဆောင်များက နိုဝင်ဘာ ၁၃ ရက်တွင် အဓိဋ္ဌာန်ပြုလိုက်သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသည့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ၌ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ၊ တောင်ကိုရီးယားသမ္မတ ယွန်ဆုတ်ယိုတို့နှင့် သီးခြားတွေ့ဆုံပြီးနောက် မြောက်ကိုရီးယားမှ ထွက်ပေါ်လာနိုင်သည့် အန္တရာယ်ကို ကာကွယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ပူးပေါင်းဆောင်ရွက်မှုတွင် ယခင်ကထက် ပိုမိုခိုင်မာလာသည့်အပြင် စိန်ခေါ်မှုများကို ရင်ဆိုင်ရန်အတွက်လည်း ပြင်ဆင်ထားကြောင်း ဘိုင်ဒင်က ပြောသည်။
မြောက်ကိုရီးယားနိုင်ငံသည် မကြာသေးမီကာလအတွင်း ဒုံးကျည်အမြောက်အမြားကို ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသတွင်းနိုင်ငံများမှာ စိုးရိမ်မကင်း ဖြစ်ခဲ့ရကြောင်း သိရသည်။
Ref: CBS