ဖိအားများရှိသော်လည်း ယူကရိန်းသို့ စစ်လက်နက်များထောက်ပံ့ပေးမည် မဟုတ်ဟု ဆွစ်ဇာလန်သမ္မတပြော

ဖိအားများရှိသော်လည်း ယူကရိန်းသို့ စစ်လက်နက်များထောက်ပံ့ပေးမည် မဟုတ်ဟု ဆွစ်ဇာလန်သမ္မတပြော

ဆွစ်ဇာလန်နိုင်ငံအပေါ် ဖိအားများရှိသော်လည်း နိုင်ငံအနေဖြင့် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေး မည်မဟုတ်သည့်အပြင်  လက်နက်ကိုင်ပဋိပက္ခများတွင်   တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်သွားမည်မဟုတ်ကြောင်း ဆွစ်ဇာလန်သမ္မတ အစ်နာဇီယိုကာဆစ်က  Sputnik  သတင်းဌာနသို့ နိုဝင်ဘာ ၁၄ ရက်တွင်ပြောသည်။

ပထမကမ္ဘာစစ်မှာသာမက ဒုတိယကမ္ဘာစစ်မှာလည်းပဲ ကျွန်တော်တို့က စစ်လက်နက်ပစ္စည်းတွေ  တင်ပို့ပေးခြင်းမရှိခဲ့ပါဘူး။ ကျွန်တော်တို့အနေနဲ့ စစ်လက်နက်ပစ္စည်းတွေကို တင်ပို့သွားမှာမဟုတ်သလို စစ်ရေးပဋိပက္ခတွေမှာလည်း တိုက်ရိုက်သော်လည်းကောင်း၊    သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်မှာမဟုတ်ပါဘူးဟု အစ်နာဇီယိုကာဆစ်က ပဲရစ်ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်စဉ်ပြောခြင်း ဖြစ်သည်။

ထို့ပြင် ယင်းကဲ့သို့စစ်လက်နက်ပစ္စည်းများ မတင်ပို့ခြင်းနှင့် ပတ်သက်၍ ဆွစ်ဇာလန်နိုင်ငံက  ရင်ဆိုင်နေရသည့် ဖိအားများ ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ရုရှားအစိုးရက ယူကရိန်းနိုင်ငံအတွင်း အထူးစစ်ဆင်ရေးလုပ်ဆောင်ချိန်မှစ၍ ယူကရိန်းနိုင်ငံသို့ လက်နက်များ တင်ပို့သော မည်သည့်တတိယနိုင်ငံမဆိုသည် ရုရှားစစ်ဘက်၏ တရားဝင်စစ်ရေးပစ်မှတ် ဖြစ်လာမည် ဖြစ်ကြောင်း အကြိမ်ကြိမ် သတိပေးထားပြီး ဖြစ်သည်။

အလားတူ  အမေရိကန်နှင့် NATO တပ်ဖွဲ့ဝင်  မဟာမိတ်နိုင်ငံများအနေဖြင့် ယူကရိန်းပဋိပက္ခနှင့် သက်ဆိုင်ခြင်း မရှိသော်လည်း ယင်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ကာ    သူတော်ကောင်းဟန်ဆောင်နေကြောင်း ရုရှား အစိုးရက ပြောထားသည်ဟု သိရသည်။

Ref: Sputnik