(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပပုံများကို တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပပုံများကို တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကို ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဗိုလ်ရှုခံရင်ပြင်၌ကျင်းပမည်ဖြစ်သည်။

အဆိုပါ(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပပုံများကို ယင်းနေ့နံနက် ၅ နာရီ ၄၅ မိနစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD၊ MRTV Sports Channel၊ MWD HD Channel၊ MWD Variety HD Channel၊ MRTV Web&App၊ မြန်မာ့အသံရေဒီယို၊ ပတ္တမြား FM၊ ချယ်ရီ FM၊ FM ပုဂံ၊ မန္တလေး FM၊ ပဉ္စဝတီFM၊ ရွှေ FM နှင့် Star FM တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း မိဘပြည်သူများအား လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။