အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ အသက် ၁၀၀တွင်  ကွယ်လွန်

 

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ အသက် ၁၀၀တွင်  ကွယ်လွန်

 

    အမေရိကန်  နိုင်ငံခြားရေး ဝန်ကြီးဟောင်း တစ်ဦးဖြစ်သည့်အပြင် နိုင်ငံရေးဗိသုကာတစ်ဦးလည်းဖြစ်သည့် ဟင်နရီကစ်ဆင်ဂျာသည် အသက် ၁၀၀ ပြည့်ပြီးနောက် နိုဝင်ဘာလ ၂၉ ရက်တွင် ကွန်နက်တိကပ်ပြည်နယ်ရှိ ၎င်း၏ နေအိမ်၌ ကွယ်လွန်သွားကြောင်း သိရသည်။

ဟင်နရီကစ်ဆင်ဂျာသည် ၁၉၇၇ ခုနှစ်တွင် ရာထူးမှ အနားယူပြီးနောက် အမေရိကန်သမ္မတ အဆက်ဆက်သာမက ကျန်နိုင်ငံများမှ  နိုင်ငံရေးသမားများ၏ အတိုင်ပင်ခံတစ်ဦးအဖြစ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

သမ္မတရစ်ချတ်နစ်ဆင်နှင့်  သမ္မတဂျရတ်ဖို့တို့ လက်ထက်တွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်  ဟင်နရီကစ်ဆင်ဂျာသည်  အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေး ပြေလည်စေရန် ကူညီခဲ့သည့်အပြင် အရှေ့အလယ်ပိုင်း၌ ဖြစ်ပွားသော ယွန်ကစ်ပါစစ်ပွဲ အဆုံးသတ်စေရေးကိုလည်း ညှိနှိုင်းနိုင်ခဲ့သူဖြစ်သည်။

ဟင်နရီကစ်ဆင်ဂျာသည်  တရုတ်နိုင်ငံသို့ အကြိမ် ၁၀၀ မက အလည်အပတ် လာရောက်ဖူးသူဖြစ်ပြီး ၎င်း၏ နောက်ဆုံးခရီးစဉ်မှာ အသက် ၁၀၀ ပြည့်မွေးနေ့ကျင်းပပြီး   နောက်နှစ်လအကြာ  ဇူလိုင်လတွင်ဖြစ်ကြောင်းနှင့် ထိုခရီးစဉ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်း  တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။