ဖိလစ်ပိုင်ရှိ တက္ကသိုလ် အားကစားရုံတစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွား၊ အနည်းဆုံး လေးဦး သေဆုံးပြီး ၅၀ ဦးဒဏ်ရာရ

 

ဖိလစ်ပိုင်ရှိ တက္ကသိုလ် အားကစားရုံတစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွား၊ အနည်းဆုံး လေးဦး သေဆုံးပြီး ၅၀ ဦးဒဏ်ရာရ

 

    ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း  လာနာအိုဒယ်ဆူအာပြည်နယ် မာရာဝီမြို့ရှိ မင်ဒါနာအို ပြည်နယ်   တက္ကသိုလ် အားကစားရုံတွင် ဒီဇင်ဘာလ ၃ ရက် နံနက်ပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ပွားရာ အနည်းဆုံး လေးဦးသေဆုံးပြီး အခြား ၅၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းရှိ စစ်ဘက်နှင့်ရဲတပ်ဖွဲ့က ပြောကြားသည်။

    ယင်းပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၇ နာရီကျော်က အားကစားရုံအတွင်း၌ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများက ဘာသာရေးဆိုင်ရာ   စုဝေးမှုပြုလုပ်စဉ် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ပေါက်ကွဲမှုကြောင့်   သေဆုံးသူများတွင် အမျိုးသမီး သုံးဦးနှင့် အမျိုးသားတစ်ဦးတို့ ပါဝင်ကြောင်း  စစ်ဘက်က ထုတ်ပြန်ထားကြောင်း သိရသည်။ သို့သော် ပေါက်ကွဲမှု အတွင်း သေဆုံးသူ ၁၁ ဦးရှိကြောင်း ဒေသတွင်း မီဒီယာတစ်ခုဖြစ်သည့် GMA Net- work က ဆေးရုံအတွင်းရှိ သတင်းရင်းမြစ်၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။

    အဆိုပါပေါက်ကွဲမှုသည်    ပြည်ပအကြမ်းဖက်သမားများ၏   လက်ချက်ဖြစ်ကြောင်း သမ္မတ ဖာဒီနန်ရိုမော်ဒက် မားကို့စ်က စွပ်စွဲထားပြီး တိုက်ခိုက်မှုအား ရှုတ်ချထားကြောင်း သိရသည်။ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တက္ကသိုလ် အာဏာပိုင်များက အတန်းများအားလုံးကို ရပ်ဆိုင်းထားရန်  ဆုံးဖြတ်ခဲ့ပြီး  ကျောင်းဝင်းကို ကာကွယ်ရန်အတွက် လုံခြုံရေးဝန်ထမ်းများ ထပ်မံချထားခဲ့ကြောင်း သိရသည်။