မိဘများအတွက် ရင်ကိုအေးမြစေပြီ
မြန်မာနိုင်ငံ၏နိုင်ငံရေးအပြောင်းအလဲတွင် မသိနားမလည်သောလူငယ်မောင်မယ်တို့ကို လူရည်လည်သူများက လမ်းမှားသို့ ဆွဲခေါ်သွားကြသည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်အမှန်ကို လူငယ်မောင်မယ်တို့ ထဲထဲဝင်ဝင်သိရှိကြမည်မဟုတ်ပေ။ အမှန်ကိုအမှန်အတိုင်းသိမြင်သူ လူငယ်မောင်မယ်တို့မှာ လမ်းမှားသို့ လိုက်ပါသွားခြင်း မရှိခဲ့ပေ။ ကျောင်းသား၊ ကျောင်းသူတို့မှာ ကျောင်းပညာကိုတတ်အောင်သင်ယူကြသလို နိုင်ငံ့ဝန်ထမ်းလူငယ် အများစုမှာလည်း ဝန်ထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်နေကြသည်။ ဤသည်ကို သက်သေပြလိုသည်မှာ လမ်းမှားသို့ရောက်သွားသူ အရေအတွက်နှင့် လမ်းကြောင်းမှန်တွင် ကျန်ရစ်သူ အရေအတွက် နှိုင်းယှဉ်လျှင် လမ်းမှန်တွင်လျှောက်လှမ်းသူက ပိုမိုများပြားသည်။
ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များကို အမိုက်မှောင်တွင်းသို့ ဆွဲခေါ်သွားကြသောသူတို့မှာ ပြည်ပနိုင်ငံများတွင် ပြည်သူတို့ထံမှ လိမ်လည်လှည့်ဖြား ကောက်ခံရရှိထားသော ငွေကြေးများဖြင့် ကြွယ်ဝချမ်းသာနေကြသည်။ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းမတက်ရန်၊ ကျောင်းမထားရန် နည်းမျိုးစုံသုံးကာ တားဆီးနေကြသော်လည်း ၎င်းတို့၏ သားသမီးများမှာမူ ပြည်ပတွင် အေးချမ်းစွာ ပညာသင်ယူလျက်ရှိသည်။ စေ့စေ့တွေးကြည့်လျှင် အလွန်ပင်ရင်နာစရာ ကောင်းလှသည့် လုပ်ရပ်များဖြစ်သည်။
လမ်းမှားသို့ရောက်ကာ အကြမ်းဖက်အဖွဲ့ဖြစ်သော CRPH နှင့် NUG တို့ ခိုင်းစေသမျှ လိုက်ပါလုပ်ဆောင ်နေရသည့်ဘဝမှာ ရင်နာဖွယ်ကောင်းလှသည်။ မိဘ၊ ဆွေမျိုးအသိုင်းအဝိုင်းအနေဖြင့် လွန်စွာယူကျုံးမရ ဖြစ်ပေလိမ့်မည်။ ထို့အတူ နိုင်ငံ့အနာဂတ်အတွက်လည်း လူသားအရင်းအမြစ်များ ဆုံးရှုံးခံရသည့် အသွင်ပမာတူလှသည်။ စည်းရုံးသိမ်းသွင်း ခံထားရသူများသည် PDF အကြမ်းဖက်အဖွဲ့များအပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်မှုများတွင် ပါဝင်ခဲ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေးတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်နှင့် ပါဝင်ဆောင်ရွက်စေလိုသည့် ဆန္ဒရှိသည်။
ထို့ကြောင့်လမ်းမှားရောက်နေသူ လူငယ်မောင်မယ်များကို လမ်းမှန်သို့ ပြန်လည်ရောက်စေချင်သည်။ လူငယ်ဆိုသည်မှာ အတွေ့အကြုံ နုနယ်သူများဖြစ်၍ တစ်ခါတစ်ရံ ဆုံးဖြတ်မှုမှားယွင်းတတ်ပါသည်။ လူငယ်မောင်မယ်တိုင်းတွင် မိဘဆွေမျိုးအသိုင်းအဝိုင်း ရှိကြပေရာ မည်သည့်မိဘကမှ မိမိတို့၏ သားသမီးများကို ပင်ပန်းဆင်းရဲပြီး ဘဝတိုးတက်လမ်းမရှိသည့် လမ်းကြောင်းမှာလျှောက်လှမ်းနေသည်ကို ကြည့်ရက် မည်မဟုတ်ပါ။ မိဘတို့ တတ်စွမ်းနိုင်သည်မှာ နိုင်ငံတော်အစိုးရထံ မေတ္တာရပ်ခံခြင်းသာ ပြုလုပ်နိုင်ကြသည်။ မိဘများကိုယ်တိုင်က နိုင်ငံတော်အစိုးရကို တင်ပြလာခြင်း၊ နိုင်ငံတော်အစိုးရကလည်း သားသမီးချင်း ကိုယ်ချင်းစာစိတ်နှင့် နိုင်ငံတိုးတက်ရေးကိုရှေးရှုခြင်းဖြင့် လူငယ်မောင်မယ်များကို ဥပဒေဘောင်အတွင်းမှ ဝင်ရောက်လာကြရန် ကောင်းမွန်စွာ ပြန်လည်ခေါ်ယူပေးလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အကြမ်းဖက်အဖွဲ့များ အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက် ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်လျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများနှင့် ဝင်ရောက် လာသူများကို ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည်ဟု ဖိတ်ခေါ်လျက်ရှိကြောင်း သတင်းထုတ်ပြန်မှုများ လုပ်ဆောင်ခဲ့သည်။
ထိုသတင်းထုတ်ပြန်ချက်ကို ကြားသိရသည့် လူငယ်အမြောက်အမြား ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး သရက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင်အမျိုးသားလေးဦးအား တာဝန်ရှိသူများက ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ယင်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား နိုင်ငံတော် အစိုးရအနေဖြင့် ယနေ့တိုင်ပြန်လည် ဖိတ်ခေါ်လျက်ရှိသည်။
ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ပတ်သက်၍ နေ့စဉ်သတင်းများ ဖော်ပြပေးလျက်ရှိသည်။
အထက်ပါသတင်းမှာ သတင်းများစွာထဲက ကောက်နုတ်ဖော်ပြခြင်းသာဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ နိုင်ငံတော်နှင့်ပြည်သူအတွက် နူးညံ့သိမ်မွေ့ပျော့ပျောင်းသော မေတ္တာစေတနာ အမှန်ကို သိရှိလာကြပြီဖြစ်သည်။ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း လည်းသိရှိရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်းသို့ နေ့စဉ်နှင့်အမျှ ပြန်လည်ဝင်ရောက်လျက်ရှိသည်။ ပြစ်မှုကျူးလွန်ခြင်းမရှိသော ဏီၤ အဖွဲ့ဝင်များ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်းနှင့် ပတ်သက်၍ ဝမ်းသာမှုအရှိဆုံးမှာ မိဘညီအစ်ကိုမောင်နှမများဖြစ်သည်။ ထို့အတူ နိုင်ငံတော်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ပြုန်းတီးသွားခြင်း မရှိစေရေးအတွက် လက်ကမ်းကြိုဆိုလျက် ရှိသည်မှာ ဝမ်းသာဖွယ်ကောင်းလှပါကြောင်း ရေးသား လိုက်ရပေသည်။ ။