တူကီယဲ အရှေ့တောင်ပိုင်းတွင်ဖြစ်ပွားသည့် တောမီးလောင်ကျွမ်းမှုများအတွင်း သေဆုံးသူဦးရေ ၁၁ ဦးအထိ မြင့်တက်
တူကီယဲနိုင်ငံအရှေ့တောင်ပိုင်းတွင် ဖြစ်ပွားသည့် တောမီးလောင်ကျွမ်းမှုများအတွင်း သေဆုံးသူဦးရေမှာ ၁၁ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးက ဇွန်လ၂၁ ရက်တွင် ပြောသည်။
တောမီးလောင်ကျွမ်းမှုများသည် ဒီယာဘာကီယာပြည်နယ် ဆီနာခရိုင်နှင့် မာဒင်ပြည်နယ် မာဇီဒါဂီခရိုင်တို့တွင် ဇွန်လ ၂၀ ရက် ညပိုင်းမှစတင်ဖြစ်ပွားခြင်းဖြစ်ပြီး တောမီးလောင်ကျွမ်းမှုများအတွင်း အခြား ၇၅ ဦးမှာ ထိခိုက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဖာရက်တင်ကိုကာက ၎င်း၏ လူမှုမီဒီယာပေါ်တွင် ဖော်ပြသည်။ အချို့မှာ လက်ရှိတွင် အထူးကြပ်မတ်ဆောင်များ၌ ဆေးကုသမှုခံယူနေရကြောင်းသိရသည်။
တောမီးလောင်ကျွမ်းမှုဖြစ်ပွားနေစဉ် လေတိုက်ခတ်မှုပြင်းထန်ခြင်းကြောင့် တောမီးမှာ အခြားဒေသများသို့ ကူးစက်ခြင်းဖြစ်ကြောင်း၊ သို့သော် ယခုအခါ မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုကို ငြှိမ်းသတ်နိုင်ခဲ့သော်လည်း မီးဘေးသင့်ဒေသများအား စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အပူချိန်မြင့်တက်မှုများကြောင့် ယခုရက်သတ္တပတ်အတွင်း နိုင်ငံအတွင်း၌ တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။
Ref:Xinhua