နေပြည်တော် နိုဝင်ဘာ ၂၈
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာ ၁၃၄၄ ဦးနှင့် သေဆုံးသူ ၂၂ ဦးရှိကြောင်း သိရသည်။
(၂၇-၁၁-၂ဝ၂ဝ)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၁၄၂၈ ဦး၏ မြို့နယ် အလိုက် တွေ့ရှိရမှု အခြေ အနေကို ယနေ့ ညနေ ၅ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။
(၂၇-၁၁-၂ဝ၂ဝ)ရက် ည ၈ နာရီမှ (၂၈-၁၁-၂ဝ၂ဝ)ရက် ည ၈ နာရီ အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇၉၂၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၄၄ ဦးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။