(၇၇)နှစ်မြောက် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထူရန် နှင့်ဥသြဆွဲရန်

(၇၇)နှစ်မြောက် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထူရန် နှင့်ဥသြဆွဲရန်

နေပြည်တော်  ဇူလိုင်  ၁၂

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်(သောကြာနေ့) (၇၇)နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက် လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဥသြဆွဲအချက်ပေးရေးနှင့် ယင်းအချိန်တွင်သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့အတွက် လက်အောက်ဌာန/ရုံးအဆင့်ဆင့်သို့ ဆက်လက် အသိပေး ညွှန်ကြားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက အစိုးရရုံးဌာနအဖွဲ့အစည်းအားလုံးသို့ ညွှန်ကြား ထားကြောင်း သတင်းရရှိသည်။                

(သတင်းစဉ်)