ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
နေပြည်တော် ဇူလိုင် ၁၂
ယနေ့နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေ မှတ်အထက်သို့ ၄ ပေကျော်ခန့် (၁၂၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်သည်။
ယနေ့နံနက် ၉ နာရီခွဲအချိန်တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၅ ပေခွဲခန့် (၁၆၃ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည် နောက် ၁ ရက်အတွင်း ၁ ပေခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်သည်။