တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်  ဇူလိုင်  ၁၃

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို    ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပရိဝုဏ်၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်  ဒုတိယဝန်ကြီးတို့က ငါးလုပ်ငန်းဦးစီး ဌာနကပံ့ပိုးသည့်   ငါးသားပေါက်များကို ဝန်ကြီးဌာနရှိ တစ်ဖက်ပိတ်ဆည်အတွင်းသို့   ဦးစွာ  စိုက်ထည့်ပေးကြပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများက ငါးမျိုးများကို ဆက်လက်စိုက်ထည့်ပေးကြသည်။

ယနေ့ကျင်းပသည့် ငါးမျိုးစိုက်ထည့်ပွဲတွင် ငါးသားပေါက်ကောင်ရေ စုစုပေါင်း ၁၂၀၀၀ စိုက်ထည့်ခဲ့ကြသည်။ အဆိုပါ တစ်ဖက်ပိတ်ဆည်အတွင်းသို့ ၂၀၂၂ ခုနှစ်တွင် ငါးသားပေါက်ကောင်ရေ ၇၀၀၀ နှင့် ၂၀၂၃ ခုနှစ်တွင် ငါးသားပေါက်ကောင်ရေ ၇၀၀၀   စိုက်ထည့်ထားခဲ့ရာ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၂၆၀၀၀ ရှိပြီဖြစ်သည်။ ငါးသယံဇာတများ တိုးပွားလာ စေရေး၊ ငါးမျိုးပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်နှင့်ကန်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ်  တည်တံ့ခိုင်မြဲပြီး ငါးသယံဇာတပေါကြွယ်ဝစေရေး၊ နိုင်ငံတော်၏ ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် တစ်ဖက်တစ်လမ်းမှ  ပံ့ပိုးပေးနိုင်ရေးနှင့် သက်ရှိလူသားများနှင့် သဘာဝပတ်ဝန်းကျင်တို့အကြား   အချိုးညီစွာတည်ရှိနေသော ဂေဟစနစ်   ရေရှည်တည်တံ့နိုင်စေရေး ရည်ရွယ်၍  အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ကျင်းပခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။