နေပြည်တော် သြဂုတ် ၁၂
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲ အဖြေများတွင် COVID-19 ရောဂါပိုးတွေ့ လူနာသစ် တစ်ဦး ထပ်တိုးကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်များတွင် (၁၁-၈-၂ဝ၂ဝ) ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၉၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ်မတွေ့ရှိပါ။
(၁၂-၈-၂ဝ၂ဝ) ရက် နံနက် ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၆ဝ ဦးရှိသည်။
(၁၁-၈-၂ဝ၂ဝ) ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်) (NHL) မှ ပထမ+ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၆၉၆ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ၂၆၈ ခုနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၁၈၁ ခု စုစုပေါင်း ၁၁၄၅ ခုအား စစ်ဆေးခဲ့သည်။
(၁၂-၈-၂ဝ၂ဝ) ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်) (NHL)မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၅၇၉ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂ဝ၅ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ ၁၃၁ ခုနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၂၅၄ ခု စုစုပေါင်း ၁၁၆၉ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် တစ်ဦးတွေ့ရှိရသည်။
(၁၂-၈-၂ဝ၂ဝ) ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၆၁ ဦးရှိသည်။
ဓာတ်ခွဲအတည်ပြုလူနာဟောင်း (Old Confirmed Case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ငါးဦး (Case-261, 341, 344, 351 နှင့် ၃၅၂) ရှိသဖြင့် စုစုပေါင်း ၃၁၈ ဦးရှိသည်။
၎င်းတို့အနက် ၃၁ဝ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။
ဓာတ်ခွဲအတည်ပြုလူနာများ အနက် သေဆုံးသူ ခြောက်ဦးရှိသည်။ (၁၁-၈-၂ဝ၂ဝ) ရက် မွန်းတည့် ၁၂ နာရီမှ (၁၂-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် ၁၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ထားသည်။