အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း သွားရောက်ကြည့်ရှုအားပေး

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်   စက်တင်ဘာ    ၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ပညာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ  ၁၃  ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ (International Day for Disaster Risk Reduction – IDDRR) အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့်  စာစီစာကုံးပြိုင်ပွဲသို့ သွားရောက် ကြည့်ရှုအားပေးသည်။

ပြိုင်ပွဲသို့  နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ   အခြေခံပညာအထက်တန်းကျောင်း   ၃၉   ကျောင်း မှ ကျောင်းသား၊ ကျောင်းသူ ၈၀ ဦးတို့က “အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့စွမ်းအား မြှင့်တင် စို့”ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများနှင့် ပြိုင်ပွဲဝင် ကျောင်း သား၊ ကျောင်းသူများကို  ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်တွင် ကျင်းပမည့်   အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားနေ့၌   ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ  ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)