ပင်းတယမြို့ပေါ် ၌ သံဃာတော်များအား အရုဏ်ဆွမ်းလောင်းလှူပွဲ ကျင်းပ

 

ပင်းတယမြို့ပေါ် ၌ သံဃာတော်များအား အရုဏ်ဆွမ်းလောင်းလှူပွဲ ကျင်းပ

 

ပင်းတယ   စက်တင်ဘာ    ၉

    ရှမ်းပြည်နယ်(တောင်ပိုင်း)  ပင်းတယမြို့ မြို့နယ် ဓမ္မာရုံကြီး၏ ဆွမ်းလောင်းလှူရန်ဌာန၌ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် မြို့ပေါ် ဘုန်းတော်ကြီးကျောင်းတိုက် ၂၂ ကျောင်းမှ သံဃာတော်အပါး ၄၂၈ ပါးအား အရုဏ်ဆွမ်း လောင်းလှူပွဲ ကျင်းပသည်။

ထိုသို့  သံဃာတော်များအား  ဆွမ်းနှင့် ဆွမ်းဟင်းများ  လောင်းလှူနိုင်ရန်  မြို့နယ် ဝါတွင်းကာလ      အဖိတ်နေ့သံဃာ့ဒါန ဆွမ်းလောင်းအသင်း၏   ပဉ္စမအကြိမ်မြောက် အလှူတော်ကို ဦးဆောင်ပေးကြသည့် အသင်း ဥက္ကဋ္ဌ ဦးကျော်သူရ၊ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ကျော်ကျော်နှင့် အသင်းသား၊ အသင်းသူများက ချက်ပြုတ် ဆောင်ရွက်ပေးမှုများဖြင့်   အလှူရှင်များက ဆွမ်းနှင့်  ဆွမ်းဟင်းများဖြင့် လောင်းလှူ ကြသည်။

အဆိုပါ အရုဏ်ဆွမ်း လောင်းလှူပွဲကြီးတွင် သံဃာ့ဒါန အရုဏ်ဆွမ်း အလှူရှင် မိသားစုများနှင့်အတူ နီးစပ်ရာရပ်ကွက်များမှ   ရပ်ကွက်နေ မိဘပြည်သူများ  လာရောက် လောင်းလှူကြကြောင်း သိရသည်။