နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတထံ သံအမတ်ကြီး ဦးမျိုးမြင့်မောင် ခန့်အပ်လွှာ ပေးအပ်

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတထံ သံအမတ်ကြီး ဦးမျိုးမြင့်မောင် ခန့်အပ်လွှာ ပေးအပ်

နေပြည်တော်    စက်တင်ဘာ    ၁၄

နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၎င်း၏ ခန့်အပ်လွှာကို စက်တင်ဘာလ ၁၂ ရက်တွင်  နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ သမ္မတရုံး၌ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရမ်ချန်ဒရာ ပေါ်ဒဲလ် ထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်သည်။                            

 (သတင်းစဉ်)

Dates: 
Saturday, September 14, 2024 - 11:01