ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပြည်သူ့ဆေးရုံ(တပ်ကုန်းမြို့)နှင့် တပ်ကုန်းမြို့အတွင်း ယာယီ ရေဘေးရှောင်စခန်းများ၌ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပြည်သူ့ဆေးရုံ(တပ်ကုန်းမြို့)နှင့် တပ်ကုန်းမြို့အတွင်း ယာယီ ရေဘေးရှောင်စခန်းများ၌ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ကြည့်ရှုစစ်ဆေး

နေပြည်တော်   စက်တင်ဘာ   ၁၃

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်း၊  ကုသရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ တိုင်းရင်း ဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများ၌ ကျန်းမာရေး စောင့်ရှောက်ပေးနေမှု အခြေ အနေများ ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံ (တပ်ကုန်းမြို့)သို့ရောက်ရှိပြီး ကျန်းမာရေး ဝန်ထမ်းများနှင့် မီးသတ် တပ်ဖွဲ့ဝင်များပူးပေါင်းကာ ဆေးရုံအတွင်း သန့်ရှင်းရေး ဆောင်ရွက်နေမှု၊ ပြည်သူ့ ဆေးရုံ၌ ပြင်ပလူနာဌာနသို့ လာရောက်ပြသသော လူနာများအား ကျန်းမာရေးစောင့် ရှောက်ပေး နေမှု၊ ရေဝင်ရောက်ခဲ့သော လူနာဆောင်များ၊ ခွဲစိတ်ခန်းများနှင့် ဆေးရုံသုံး စက်ပစ္စည်းများ အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေမီးအမြန်ဆုံး ပြန်လည်ရရှိ၍ ဆေးရုံလုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်ရေး ဆွေးနွေးမှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းပေးကာ ကျန်းမာ ရေးဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား   ချီးမြှင့်ထောက်ပံ့ငွေများပေးအပ် လှူဒါန်းသည်။

ထို့နောက် ယခင် ခုတင်(၅၀) ပြည်သူ့ဆေးရုံ အဆောင်ဟောင်း၌ အတွင်းလူနာ ကြည့်ရှုကုသနေမှု   အခြေအနေများကို  ကြည့်ရှုခဲ့ပြီး  လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ် အထက(၁) ၌ ဖွင့်လှစ်ထားသော ယာယီရေဘေးရှောင် စခန်းတွင် ရေဘေးသင့်ပြည်သူ ၃၉၂၅ ဦး၊ ငွေတောင်တောရကျောင်းရှိ ရေဘေးသင့် ပြည်သူ ၆၂၀ ဦးတို့အား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ကူးစက်ရောဂါများကာကွယ်ရေးအတွက် ကျန်းမာရေး အသိပညာပေး ရေးနှင့် ဆေးရုံသို့ လွှဲပြောင်းကုသရန်လိုအပ်သည့် လူနာများကို အချိန်နှင့်တစ်ပြေးညီလွှဲပြောင်းကုသ နိုင်ရေးတို့ကို တာဝန်ရှိသူများအား မှာကြား ကာ Emergency Medical Kit များ၊ ရေသန့်ဆေးပြားများ၊  ဆေးဝါးများနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော ကျန်းမာရေး ဝန်ထမ်းများအတွက်  ချီးမြှင့်ငွေ များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သတင်းရရှိသည်။

(၅၀၀)

Dates: 
Saturday, September 14, 2024 - 11:15