နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ ကွပ်ကဲမှုအောက်ရှိ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ လျာထားခြင်းဆိုင်ရာ လု

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ ကွပ်ကဲမှုအောက်ရှိ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ လျာထားခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်    စက်တင်ဘာ    ၁၃ 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ ကွပ်ကဲမှုအောက်ရှိ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်း ဆပ်ကော်မတီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ လျာထားခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၁၂ ရက်မှ ၁၃ ရက်အထိ နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ  နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းဆပ် ကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး   ဒေါက်တာမိုးဇော်ထွန်း၊     လုပ်ငန်းဆပ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၂) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ လုပ်ငန်း ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားရှိ သည့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌများက Online System ဖြင့် တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လျာထား စီမံကိန်းလုပ်ငန်းများကို စနစ်တကျစိစစ်၍ အမှန်တကယ် လိုအပ်ချက်ရှိသည့် ဒေသများအတွက် အကျိုးဖြစ် ထွန်းစေမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးအလိုက်  စီမံဆောင်ရွက် သွား ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ဒုတိယဥက္ကဋ္ဌ(၂) သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ လုပ်ငန်းကော်မတီဝင် သက်ဆိုင်ရာ ဝန်ကြီး ဌာနများမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စီမံကိန်း လုပ်ငန်းများ ဦးစားပေးအလိုက် လျာထားမှုအခြေအနေများ၊ ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်လျာထား ဆောင်ရွက်သွားမည့် အခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ညှိနှိုင်း ပေါင်းစပ်ဆွေးနွေးကာ နိဂုံးချုပ် အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။                      

 (၅၀၀)

Dates: 
Saturday, September 14, 2024 - 11:34