နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် လမ်း၊ တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ကွင်းဆင်းကြည့်ရှု
နေပြည်တော် စက်တင်ဘာ ၁၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တာဝန် ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဆင်သေချောင်း ရုတ်တရက်ရေလျှံသဖြင့် ပျက်စီးခဲ့သော လမ်း၊ တံတားများအား လမ်းပန်း ဆက်သွယ် ရေး မပြတ်တောက်စေရေး အရေးပေါ်ပြန်လည်ပြင်ဆင် ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၂၄၅ မိုင် ၇ ဖာလုံရှိ နဝင်းချောင်းတံတား(အဆုံတံတား)သို့ သွားရောက်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် ချောင်းရေတိုက်စားပျက်စီးသွားသည့် တံတားချဉ်းကပ် လမ်းပြင်ဆင်ဆောင်ရွက်သည့် အခြေအနေကို ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက အဆိုပါတံတားသည် ရန်ကုန် - မန္တလေး ပြည်ထောင်စု လမ်းမကြီးပေါ်တွင်ရှိသဖြင့် ယာဉ်သွားလာမှုနှင့် ကုန်စည်စီးဆင်းမှုအတွက် အရေးပါ သော တံတားတစ်စင်းဖြစ်သောကြောင့် ကုန်တင်ယာဉ်ကြီးများ သွားလာနိုင်ရန်အတွက် တံတားခံနိုင်ဝန် အားကို လုံလောက်စေရေး တွက်ချက်ဆောင်ရွက်ရန်၊ လုပ်ငန်းစဉ်အဆင့်ဆင့်ကို စနစ်တကျ ဆောင်ရွက်ရန်၊ မှတ်တမ်းများထားရှိရန်၊ အမြန်ဆုံးပြုပြင် ဆောင်ရွက်သွားရန်တို့ကို မှာကြား၍ ယာယီ ဘေလီတံတားထိုးခြင်းအတွက် သံပေါင်များ တပ်ဆင်နေမှုနှင့် ချဉ်းကပ်လမ်းအပိုင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆင်သေချောင်းတံတား(ပုပ္ပားကုန်း)သို့သွားရောက်၍ ပျက်စီးသွားသော တံတားထိပ်ခုံနှင့် လမ်းတာပေါင်နေရာကို ဘေလီတံတားထိုး၍ ယာယီပြင်ဆင် ဆောင်ရွက်ပြီးစီးသည့် အခြေအနေနှင့် အဆိုပါတံတားနှင့်ဆက်စပ်နေသောအခြား တံတားတစ်စင်းတို့ အကြားရှိ လမ်းတာပေါင် ရေထိုးသဖြင့် ပျက်စီးနေသည့် အခြေအနေကိုကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးက ဆင်သေချောင်းတံတား (ပုပ္ပားကုန်း)နှင့် နီးကပ်လျက်ရှိသော တံတားတစ်စင်းတို့အကြားရှိ လမ်းတာပေါင်၏ ကြံ့ခိုင်မှုကို ပြန်လည်စစ်ဆေးပြီးမှသာ အများပြည်သူ အသုံးပြုနိုင်ရေး ဖွင့်လှစ် ပေးရန်နှင့် ပြုပြင်ရန်လိုအပ်ပါက အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ပေးသွားရန် မှာကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့အား ဆက်သွယ် ထားသောလမ်းပေါ်ရှိ ဆင်သေချောင်းတံတား(သိုက်ချောင်း)၏ တံတားထိပ်ခုံနှင့် ချဉ်းကပ်လမ်းတို့သည် ရေတိုက်စားခြင်းကြောင့် ပျက်စီးနေသော နေရာများကို ယာယီဘေလီ တံတားထိုးခြင်းဖြင့် ပြုပြင် ဆောင်ရွက်လျက်ရှိရာ အများပြည်သူများ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် အမြန် ပြီးစီးစေရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(၅၀၀)