လူ့ဦးနှောက်အတွင်းမှ မိုက်ခရို ပလတ်စတစ်များ တွေ့ရှိ

 

လူ့ဦးနှောက်အတွင်းမှ မိုက်ခရို ပလတ်စတစ်များ တွေ့ရှိ

 

     ဘရာဇီး  သုတေသနပညာရှင်များ လုပ်ဆောင်သော လေ့လာမှုတစ်ခုတွင် လူ့ဦးနှောက်တစ်သျှူး အတွင်းမှ မိုက်ခရိုပလတ်စတစ်များ တွေ့ရှိကြောင်း ထုတ်ပြန်ထားသည်။

အရွယ်အစားအားဖြင့် သုည ဒသမ ၀၀၅၅ မှ သုည ဒသမ ၀၂၅ မီလီမီတာရှိ အလွန်သေးငယ်သော ပလတ်စတစ်စများ ကို လူသားများ၏တစ်သျှူးများနှင့်  သွေး ကြောများအတွင်း ယခင်ကတွေ့ရှိထားသော်လည်း ယခုကဲ့သို့ ဦးနှောက်တစ်သျှူး အတွင်းမှတွေ့ရှိမှုမှာမူ ပထမဆုံးအကြိမ် ဖြစ်သည်။

ဘရာဇီးသုတေသန ပညာရှင်များသည် ဆောင်ပေါင်လိုမြို့၌ နေထိုင်သည့် အသက် ၃၃ နှစ်မှ ၁၀၀ ကြားရှိ လူသေအလောင်း ၁၅ ခု၏ဦးနှောက်များကို လေ့လာမှုများ ပြုလုပ်သည်။ ထို့နောက် လူသေအလောင်း ရှစ်ခု၏ ဦးနှောက်များအတွင်းမှ မိုက်ခရို ပလတ်စတစ်များကို တွေ့ရှိခြင်းဖြစ်သည်။

ထိုသူများသည် ပိုလီပရိုပိုင်လင်းကဲ့သို့သော ပစ္စည်းများပါဝင်သည့် အရာများကို ရှူရှိုက်မိရာမှတစ်ဆင့် မိုက်ခရိုပလတ်စတစ်များက ဦးနှောက်တစ်သျှူး အတွင်းထိ ရောက်သွားခြင်းဖြစ်နိုင်ကြောင်း  သိရသည်။  

Dates: 
Wednesday, September 18, 2024 - 07:23