ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့်ဗီယက်နမ်နိုင်ငံတို့ရှိ ကျေးလက်ဒေသတွင်နေထိုင်သည့် သက်ကြီး ရွယ်အိုများ၏ ဝင်ငွေရရှိမှုအပေါ် ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုများ လေ့လာမှုဆိုင်ရာ သုတေသန စာတမ်း၏ တွေ့ရှိချက်များကို သုံးသပ်အကြံပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့်ဗီယက်နမ်နိုင်ငံတို့ရှိ ကျေးလက်ဒေသတွင်နေထိုင်သည့် သက်ကြီး ရွယ်အိုများ၏ ဝင်ငွေရရှိမှုအပေါ် ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုများ လေ့လာမှုဆိုင်ရာ သုတေသန စာတမ်း၏ တွေ့ရှိချက်များကို သုံးသပ်အကြံပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်  မေ  ၂၈

အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်း အဝေး (Senior Officials Meeting on Social Welfare and Development-SOMSWD) တွင် မြန်မာ၏ SOMSWD Work Plan (2021-2025) အရ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ကျေးလက်ဒေသတွင် နေထိုင်သည့် သက်ကြီးရွယ်အိုများ၏ ဝင်ငွေရရှိမှု အပေါ် ကိုဗစ်-၁၉ ၏အကျိုးသက်ရောက်မှုများ လေ့လာမှုဆိုင်ရာ သုတေသနစာတမ်းကို ASEAN Development Fund (ADF) အထောက်အပံ့ဖြင့် ၂၀၂၃ ခုနှစ် ဇွန်လမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ သက်ဆိုင်ရာနိုင်ငံများအလိုက် သုတေသနများ ဆောင်ရွက်ခဲ့ကြပြီး တွေ့ရှိချက်များကို သုံးသပ်အကြံပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Validation Workshop for the Research on the Impact of COVID-19 on the Income Security of Rural Older People in Cambodia, Lao PDR, Myanmar and Vietnam)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲသို့ ASEAN Ministerial Meetings on Social Welfare and Development-AMMSWD (Myanmar) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့မှ Regional Researcher နှင့် National Researchers များ၊ ဌာနဆိုင်ရာများနှင့် ပြင်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက In-Person ဖြင့် တက်ရောက်ကြပြီး အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (SOMSWD)၏ အလှည့်ကျ ဥက္ကဋ္ဌနှင့် Focal Points များ၊ အာဆီယံ အလုပ်သမားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(SLOM)၏ အလှည့်ကျ ဥက္ကဋ္ဌတို့က Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ကိုဗစ်-၁၉ သည် ကမ္ဘာတစ်ဝန်းတွင် ထိခိုက်လွယ်အုပ်စုများအတွက် စိန်ခေါ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး အရှေ့တောင်အာရှ၏ ကျေးလက် ဒေသတွင်နေထိုင်သော သက်ကြီးရွယ်အိုများအတွက်လည်း ဝင်ငွေရရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ထောက်ပံ့မှုများအပါအဝင် အခက်အခဲများကို ဖြစ်ပေါ်စေခဲ့ ပါကြောင်း၊ ဤသုတေသန တွေ့ရှိချက်များသည် သက်ကြီးရွယ်အိုများအပေါ် ကိုဗစ်-၁၉ ၏  ဘက်ပေါင်းစုံမှ အကျိုးသက်ရောက်မှုများကို ဖော်ပြထားပြီး ထိုမှတစ်ဆင့် ထိရောက်သော မူဝါဒများ ချမှတ်နိုင်ရေးအတွက် အကြံပြုချက်များပါရှိပါကြောင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံတို့ရှိ ကျေးလက်ဒေသတွင် နေထိုင်သည့် သက်ကြီးရွယ်အိုများ၏ ဝင်ငွေရရှိမှု ရေရှည်တည်တံ့ စေရေး အတွက် အထောက်အကူပြုနိုင်ရေး တက်ရောက်လာသူများက ၀ိုင်းဝန်းအကြံပြု ဆွေးနွေး သွားကြရန် တိုက်တွန်းပြောကြား လိုကြောင်းပြောကြားသည်။

ဆက်လက်၍ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်း အဝေး(SOMSWD)၏ အလှည့်ကျဥက္ကဋ္ဌကိုယ်စား ဗီယက်နမ်နိုင်ငံ အလုပ်သမားနှင့် လူမှုရေးရာ ဝန်ကြီး ဌာန နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Dr. Ha Thi Minh Duc က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် သုတေသန၏ Regional Researcher ဖြစ်သူ ဒေါက်တာခိုင်ခင်ဖြူက ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ကျေးလက်ဒေသတွင်နေထိုင်သည့် သက်ကြီးရွယ်အို များ၏ ဝင်ငွေရရှိမှုအပေါ် ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုများအပေါ် လေ့လာမှုဆိုင်ရာ သုတေသန စာတမ်း ၏ တွေ့ရှိချက်နှင့် အကြံပြုချက်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသူများက သုတေသနစာတမ်းနှင့်စပ်လျဉ်း၍ သုံးသပ်အကြံပြု ဆွေးနွေးခဲ့ ကြပြီး မြန်မာနိုင်ငံ၏ SOMSWD Focal Point ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)