အာဖဂန်နစ္စတန်တွင်လေးလအတွင်း ဝက်သက်ရောဂါဖြစ်ပွားမှု ၃၇ ရာခိုင်နှုန်းခန့်မြင့်တက်

 

အာဖဂန်နစ္စတန်တွင်လေးလအတွင်း ဝက်သက်ရောဂါဖြစ်ပွားမှု ၃၇ ရာခိုင်နှုန်းခန့်မြင့်တက်

အာဖဂန်နစ္စတန်နိုင်ငံတွင် ယခု ၂၀၂၄ ခုနှစ် ပထမလေးလ အတွင်းမှာပင် ဝက်သက်ရောဂါ ဖြစ်ပွားမှုနှုန်းသည် ၃၇ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေလ ၂၅  ရက်တွင် ထုတ်ပြန်သည်။

ယခုနှစ် ပထမလေးလအတွင်းမှာပင် နိုင်ငံအတွင်း၌ ဝက်သက်ရောဂါဖြစ်ပွားသူ ၃၀၀၀ ကျော်ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း အာဖဂန်ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ   ရှာရာဖက်ဇာမန် အေမာခီလက်၏ ပြောကြားချက်ကို   ကိုးကား၍ ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် TOLOnews က ဖော်ပြသည်။

ဝက်သက်ရောဂါသည် အာဖဂန်နစ္စတန်ရှိ ပြည်နယ်အားလုံးနီးပါးတွင် ဖြစ်ပွားလေ့ရှိပြီး ၎င်းရောဂါကြောင့် ယခုနှစ် ပထမလေးလအတွင်းမှာပင် လူ ၉၄  ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဝက်သက်ရောဂါသည် ဗိုင်းရပ်ကြောင့်ဖြစ်ပွားသည့် ကူးစက်လွယ်ရောဂါဖြစ်ပြီး ရောဂါကူးစက်ခံထားရသူမှ အသက်ရှုထုတ်ခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းတို့မှတစ်ဆင့် ကူးစက်နိုင်ရာ ကာကွယ်ဆေး ထိုးနှံထားခြင်းသည်သာ အကောင်းဆုံးသော ကာကွယ်မှုနည်းလမ်း ဖြစ်ကြောင်း   သိရသည်။                 

Ref: Xinhua