နှစ် (၆၀) ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

 

နှစ် (၆၀) ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

 

ရန်ကုန် စက်တင်ဘာ ၂၁

    နှစ် (၆၀) ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန် မြို့ရှိ တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ ၌  မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး  ကွပ်ကွဲမှုအောက်ရှိ အမှတ်(၃)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲနှင့် အမှတ် (၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲတို့၏ စုပေါင်းသွေး လှူဒါန်းပွဲကို  စက်တင်ဘာလ  ၂၁  ရက် တွင် ကျင်းပသည်။

ရှေးဦးစွာ    သွေးအလှူရှင်များကို    သွေးဖောက်စစ်ဆေးခြင်း၊   ကျန်းမာရေး စစ်ဆေးခြင်းများ    ဆောင်ရွက်ပေးသည်။   ထို့နောက်   တပ်ဖွဲ့ဝင်နှင့်မိသားစုဝင်တို့က    စုပေါင်းသွေးလှူဒါန်းကြရာ   တာဝန်ရှိသူများက  လိုက်လံကြည့်ရှု အားပေးကြပြီး အာဟာရပြည့် စားသောက်ဖွယ်ရာများ  ပံ့ပိုးပေးကြောင်း သိရသည်။