ဇီးကုန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

 

ဇီးကုန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

 

ဇီးကုန်း  စက်တင်ဘာ  ၂၁

     ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍   ကျပန်းစကားပြောပြိုင်ပွဲကို ဇီးကုန်းမြို့ အခြေခံပညာ အထက်တန်းကျောင်း ခန်းမဆောင်၌ စက်တင်ဘာလ ၂၁ ရက်တွင် ကျင်းပသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး  ဒေါ်ရီရီမြင့်က အဖွင့်အမှာစကား ပြောကြားပြီး၊  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက  ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ Grade-10 နှင့် Grade-11မှ ကျောင်းသား၊ ကျောင်းသူ ကိုးဦးတို့က ပညာသည် ဘဝရှေ့ဆောင်၊ လူငယ်နှင့် အီလက်ထရွန်နစ်ပညာ၊ ပညာခေတ်မှာ  ပညာရှာ၊  စာပေမြင့်မှ လူမျိုးတင့်၊  လူငယ်နှင့်  စာပေလေ့လာမှု၊ ကျောင်းသားလူငယ်နှင့်  စာပေ၊ ပညာရဲရင့် ပွဲလယ်တင့်၊ အလိမ္မာစာမှာရှိ၊ စာဖတ်ခြင်း   အကျိုးကျေးဇူး   စသည့် ခေါင်းစဉ်များမှ မိမိကျရာခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို  တာဝန်ရှိသူများက   ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။