ဟိုပုံးမြို့နယ်၌ ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ နွားနို့နှင့်စားသောက်ကုန် ပစ္စည်းများရောင်းချ
ဟိုပုံး စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးရှေ့၌ ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို့နှင့် စားသောက်ကုန်ပစ္စည်းများကို စက်တင်ဘာလ ၂၀ ရက်တွင် ရောင်းချပေးလျက် ရှိသည်။
ထိုသို့ရောင်းချပေးရာတွင် တာဝန်ရှိသူများက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကြက်ဥ၊ နွားနို့၊ ဒိန်ချဉ်၊ ဝက်သား၊ စားသောက်ကုန်ပစ္စည်းများ၊ စက်ရုံထုတ်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသည်။
အဆိုပါ သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို့နှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချပေးနေမှုကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြောင်း သိရသည်။