
ရေချိုကို တန်ဖိုးထား ကမ္ဘာကြီးကို စောင့်ရှောက်
ထိုမြစ်များအတွင်းသို့ လက်တက်မြစ်ချောင်းပေါင်းမြောက်မြားစွာ စီးဝင်နေကြပြန်သည်။ တာပိန်မြစ်၊ ရွှေလီမြစ်၊ မုန်းချောင်း၊ မန်းချောင်း၊ စလင်းချောင်း၊ သောက်ရေခပ်ချောင်း၊ ကျောက်ကြီးချောင်း၊ ရွှေကျင် ချောင်း၊ ရဲနွယ်ချောင်း၊ မဒမချောင်း၊ ကွန်းချောင်း၊ ဖြူးချောင်း၊ ခပေါင်း ချောင်း၊ ဆွာချောင်း၊ ချောင်းမကြီးချောင်း၊ ကောလိယချောင်း၊ ဗိုင်းဒါး ချောင်း၊ ယောချောင်း၊ ပင်းချောင်း၊ ယင်းချောင်း၊ ဒုဋ္ဌဝတီမြစ်၊ ပန်းလောင်း မြစ်၊ ဇော်ဂျီမြစ်၊ ဘီလူးချောင်း၊ ပွန်းချောင်း၊ ပေါင်းလောင်းမြစ်၊ မြစ်သာ မြစ်၊ ဂျိုင်းမြစ်၊ အတ္ထရံမြစ်၊ နန့်တိမ်ချောင်း စသည့်ရေစီးကောင်းသော မြစ်၊ ချောင်းပေါင်းများစွာသည်လည်း မြန်မာတစ်နိုင်ငံလုံးတွင် လက်ညှိုး ထိုးမလွဲပင် စီးဆင်းနေကြသည်။
ကောင်းကင်မှကြည့်လျှင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး မြစ်ကြီးမြစ်ငယ်၊ ချောင်းကြီးချောင်းငယ် အသွယ်သွယ်စီးဆင်းနေပြီး သစ်တောများ လှပစွာနေရာယူထားသည်ကိုတွေ့ရသည်။ ၂၀၁၈ ခုနှစ်တွင် ပြညောမေ ှအအေငျအငခေူ့နမေဘသသု ၂၀၂၀ အစီရင်ခံစာအရ မြန်မာ့သစ်တောသည် နိုင်ငံမြေမျက်နှာပြင်၏ ၄၁ ဒသမ ၃ ရာခိုင်နှုန်း ဖုံးလွှမ်းနေကြောင်း ဖော်ပြထား၍ ကမ္ဘာ့ပျမ်းမျှဖုံးလွှမ်းမှု ၃၀ ရာခိုင်နှုန်းခန့်နှင့်စာလျှင် သာလွန်နေသေးသည်ကို တွေ့ရသည်။
အလားတူပင် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် လယ်ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်၊ တောင်ယာ စသည့်စုစုပေါင်းဧရိယာမှာ ၃၃ သန်းကျော် (၁၃ ဒသမ ၂ ဟက်တာသန်းပေါင်း)ရှိနေကြောင်း အစီရင်ခံစာဖော်ပြချက် အရ သိရသည်။ လူဦးရေနှင့်ချိန်ထိုးပါက လူသုံးဦးတိုင်းအတွက် စိုက်ပျိုး မြေ နှစ်ဧက ရှိနေသည်ဟု ဆိုနိုင်သည်။
မြန်မာနိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲ ရေချိုစီးဆင်းနေမှုကို ပြန်ကြည့် လျှင်လည်း နှစ်စဉ် ကုဗကီလိုမီတာပေါင်း ၁၁၆၈ (ဂါလန်သန်းပေါင်း ၂၅၄ သန်း)ခန့်ထိ ထုထည်ပမာဏကြီးမားစွာ ပိုင်ဆိုင်နေပြန်သည်။
မြေပေါ်စီးဆင်းရေပမာဏကို နိုင်ငံ၏လူဦးရေ ၅၄ သန်းဖြင့် အချိုးချကြည့်လျှင် လူတစ်ဦးချင်းစီသည် နှစ်စဉ်ရေချိုကုဗမီတာ ၂၁၆၂၉ (ဂါလန် ၄ ဒသမ ၈ သန်း)ခန့် ခွဲတမ်းရနေသည်။
မြစ်ဝှမ်းများအလိုက်စီးဆင်းရေကို ဖော်ပြပါဦးမည်-
မြန်မာနိုင်ငံမြစ်ဝှမ်းအလိုက် နှစ်စဉ်ရေချိုစီးဆင်းမှုအချိုး
မြစ်ဝှမ်းအမည် စီးဆင်းရေချိုရာခိုင်နှုန်း
ဧရာဝတီမြစ်ဝှမ်းအထက်ပိုင်း ၁၃.ဝ
ဧရာဝတီမြစ်ဝှမ်းအောက်ပိုင်း ၇ .၅
ချင်းတွင်းမြစ် ၂၁ .ဝ
စစ်တောင်းမြစ် ၇ .၅
ရခိုင်ပြည်နယ်ရှိမြစ်များ ၁၃ .ဝ
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိမြစ်များ ၁၂.ဝ
သံလွင်မြစ် ၂၄.ဝ
မဲခေါင်မြစ်(မြန်မာအပိုင်း) ၁.၅
ဤရေသည် မြေပြင်ပေါ်တွင် နှစ်စဉ်စီးဆင်းနေသော ပြန်လည်ပြည့် ဖြိုးမြဲရေသာဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲ မြေအောက်ရေသည်လည်း မိမိတို့နိုင်ငံတွင် ကုဗကီလိုမီတာ ၄၉၂(ဂါလန်သန်းပေါင်း ၁၀၈ သန်း)ခန့် ရှိနေပြန်သေးသည်။
နှစ်မျိုးပေါင်း မြန်မာနိုင်ငံ၏ ချမ်းသာသောရေချိုပမာဏ တစ်နည်း အားဖြင့် နှစ်စဉ်ပြန်လည်ပြည့်ဖြိုးမြဲရေပမာဏသည် ကုဗကီလိုမီတာ ၁၆၆၀ (ဂါလန်သန်းပေါင်း ၃၇၇ သန်း) ခန့်ထိ ပမာဏကြီးမားနေသည်။
ဤကိန်းဂဏန်းအရ မြန်မာပြည်သူတစ်ဦးစီ၏ မြေပေါ်မြေအောက် နှစ်ရပ်ပေါင်း နှစ်စဉ်ပြန်လည်ပြည့်ဖြိုးမြဲ ရေချိုပိုင်ဆိုင်မှုပမာဏမှာ ကုဗမီတာ ၃၀၇၀၀ (ဂါလန် ၆ ဒသမ ၇၅ သန်း)ခန့် ပိုင်ဆိုင်နေသည်။
ဧရာဝတီမြစ်ကြီး၏ စီးဆင်းနေသောရေချိုသည် မြစ်အောက်ဘက် အကျဆုံးနေရာတွင် တိုင်းတာပါက ပျမ်းမျှတစ်စက္ကန့်တိုင်းတွင် ဂါလန် သုံးသန်းခန့် စီးဆင်းနေသည်။
လမ်းပန်းဆက်သွယ်ရေးကောင်းပြီး လူဦးရေထူထပ်သော ဤဧရာဝတီ မြစ်ဝဲ၊ ယာနှင့် မြစ်ဝှမ်းဒေသများမှာပင်လျှင် ဤရေကို ရာခိုင်နှုန်းမည်မျှထိ အထိရောက်ဆုံးသုံးစွဲနေပါသနည်းဆိုသည်ကိုပါ ဆန်းစစ် ကြည့်ကြရန် လိုအပ်လာသည်။
ကမ်းရိုးတန်းကြီးကိုမျက်နှာပြု၍ နှစ်စဉ်မိုးရေချိန် မီလီမီတာ ၅၀၀၀ (လက်မ ၂၀၀ ခန့်) ရွာသွန်းနေသော ရခိုင်ဒေသတွင် မည်သည့်အကြောင်း ကြောင့် နှစ်စဉ်ခြောက်သွေ့ရာသီတွင် အလွန်အမင်းရေရှားပါးနေပါ သနည်း။ တစ်နိုင်ငံလုံး စီးဆင်းရေချို၏ ၁၃ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ထား သော ဒေသတွင် မည်သည့်အတွက် ဤမျှရုပ်ပျက်ဆင်းပျက်ရေရှားနေရ ပါသနည်း။ အဖြေကရှင်းပါသည်။ မိုးရွာတုန်း ရေခံရမည့်ကိစ္စ အားနည်း ၍ဟုပင် ဆိုရပါမည်။ အနည်းငယ် အကျယ်ချဲ့ပြောရပါလျှင် ဒေသအလိုက် ရေချိုဖူလုံရေးအတွက် ရေအရင်းအမြစ် စီမံခန့်ခွဲမှု လိုအပ်နေ၍ ဟုဖြေရပါမည်။
ကမ္ဘာ့ရေချိုအရှားပါးဆုံးနိုင်ငံများ
ကမ္ဘာ့နိုင်ငံအချို့တွင် နှစ်စဉ်ရေချိုရှားပါးမှုဒဏ်ကို အကြီးအကျယ် ခံစားနေကြရသည်။ ရေအလွန်ရှားပါးသော အဆိုးဆုံးကမ္ဘာ့ ၁၀ နိုင်ငံကို ထုတ်နုတ်ဖော်ပြလိုသည်။
ကမ္ဘာ့ရေချိုအရှားပါးဆုံး ၁၀ နိုင်ငံ(၂၀၁၉ ခုနှစ်)
စဉ် နိုင်ငံ လိုအပ်ချက်ကိုနှစ်စဉ်ဖြည့်ဆည်းပေးနိုင်မှု(ရာခိုင်နှုန်း)
၁။ Eritrea ၁၉.၃
၂။ Papua New Guinea ၃၆.၆
၃။ Uganda ၃၈.၉
၄။ Ethiopia ၃၉.၁
၅။ Somalia ၄၀.ဝ
၆။ Angola ၄၁.ဝ
၇။ Democratic Republic of Congo ၄၁.၈
၈။ Chad ၄၂.၅
၉။ Niger ၄၅.၈
၁၀။ Mozambique ၄၇.၃
ဖော်ပြပါနိုင်ငံများနည်းတူ ရေချိုရှားပါးသည့် လူသိများသောနိုင်ငံများ လည်း ရှိပါသေးသည်။
ဆက်လက်ဖော်ပြပါမည်။