နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင် ကျွန်း၊ သစ်မာနှင့် အခြား စုစုပေါင်း ၄၈ ဒသမ ၆၀၀၀ တန် ဖမ်းဆီးရမိ

 

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင် ကျွန်း၊ သစ်မာနှင့် အခြား စုစုပေါင်း ၄၈ ဒသမ ၆၀၀၀ တန် ဖမ်းဆီးရမိ

 

နေပြည်တော်      အောက်တိုဘာ     ၈

   သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့်   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၆ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၃၀ ဒသမ ၁၉၂၈ တန်၊ သစ်မာ ၁၁ ဒသမ ၈၈၄၈ တန်၊ အခြား ၆ ဒသမ ၅၂၂၄ တန် စုစုပေါင်း ၄၈ ဒသမ ၆၀၀၀ တန်၊ ယာဉ်/ ယန္တရား ခုနစ်စီး၊ တရားခံ ၁၆ ဦး   ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

Dates: 
Wednesday, October 9, 2024 - 07:34