အစားအစာပြောင်းလဲမှုအနည်းငယ်က အာဟာရဓာတ်ပိုမိုရရှိစေမည်

အစားအစာပြောင်းလဲမှုအနည်းငယ်က အာဟာရဓာတ်ပိုမိုရရှိစေမည်

လူတိုင်းက တစ်နေ့ကိုအစာတစ်မျိုး မဟုတ်တစ်မျိုးတော့ စားသောက်နေကြတာပါပဲ။ ဒါပေမဲ့ ခန္ဓာကိုယ်အတွက်လိုအပ် တဲ့အာဟာရဓာတ်ကို တိုင်းတာချင့်ချိန်ပြီး စားသုံးသူကတော့ တော်တော်နည်း မယ် လို့ယူဆရပါတယ်။

ဒါကြောင့် သုတေသနပညာရှင်များက ကိုယ်စားနေကျအစားအစာကို အနည်း ငယ်မျှသာ ပြောင်းလဲ လိုက်ခြင်းအားဖြင့် အာဟာရဓာတ်ပြည့်ဝစွာရရှိနိုင်စေမယ့် အခြေအနေကို ထုတ်ဖော်ပြောလိုက်ပါပြီ။

လုပ်ရမယ့်ပြောင်းလဲမှု အနည်းငယ်ကတော့ နေ့စဉ်စားသောက်မှုပုံစံထဲ ပဲအမျိုး မျိုးကိုထည့်သွင်း စားသုံးပေးဖို့သာဖြစ်ပါတယ်။ အရင်ကလည်း ပဲအမျိုးမျိုးစားသုံး ခြင်းအားဖြင့် အာဟာရဓာတ်ပြည့်ဝစွာ ရရှိ စေမယ်ဆိုတာကို တော်တော်များများသိ ရှိကြပါတယ်။ ဒါပေမဲ့ လိုက်ပါလုပ်ဆောင် မှုကတော့ အားနည်းနေကြတာပါ။

အရွယ်ရောက်ပြီးသူတစ်ဦးဟာ တစ်ရက်ကို ပဲအမျိုးမျိုး တစ်ယောက်စာမှသည် နှစ်ယောက်စာအထိ  စားသုံးပေးသင့်ပြီး ဒီလိုမျိုး စားသုံးခြင်းအားဖြင့် အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်စတဲ့ အာဟာရတွေကို ပိုမိုရရှိစေမယ်လို့သုတေ သီများကဆိုပါတယ်။                   

Ref: STD K.H

Dates: 
Thursday, October 17, 2024 - 11:55