ယခုဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၃၀၀၀ ကျော်တင်ပို့နိုင်ခဲ့

 

ယခုဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၃၀၀၀ ကျော်တင်ပို့နိုင်ခဲ့

 

ရန်ကုန် အောက်တိုဘာ ၂၁

    ပြည်တွင်းမှ      ရေထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း   ပြည်ပသို့  ပုစွန်မက်ထရစ်တန် ၃၀၀၀ ကျော်  တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏   ပြောကြားချက်အရ သိရသည်။

ယခုဘဏ္ဍာနှစ်  ၂၀၂၄  ခုနှစ် ဧပြီလ ၁ ရက်မှ  စက်တင်ဘာလ  ၃၀ ရက်အထိ ခြောက်လတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၃၄၇၇ ဒသမ ၅၆၆ တန်တင်ပို့ပြီး     အမေရိကန်ဒေါ်လာ  ၁၂ ဒသမ ၃၃၄ သန်း ရရှိခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်  ခြောက်လတာကာလ   အတွင်း    ပုံမှန်ကုန်သွယ်မှုမှ    ပုစွန်မက်ထရစ်တန် ၂၈၆၀ ဒသမ  ၆၆၆ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၇၇ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၆၁၆  ဒသမ ၉ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ  ၃  ဒသမ ၄၅၇  သန်းရရှိသောကြောင့်  ပြည်ပသို့  ပုစွန်မက်ထရစ်တန် ၃၄၇၇ ဒသမ ၅၆၆ တန်တင်ပို့ပြီး  အမေရိကန်ဒေါ်လာ  ၁၂   ဒသမ  ၃၃၄  သန်း ရရှိခဲ့သည်။

ပြည်တွင်းမှ   ပုစွန်အပါအဝင် ငါးစသည့်ရေထွက်ကုန်များကို    တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့်နိုင်ငံပေါင်း  ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့်  ပုံမှန်တင်ပို့သည့် အပြင်   နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း   ပြည်ပသို့  ရေထွက်ကုန်မက်ထရစ်တန်   ၂၄၇၄၇၇  ဒသမ ၉၅၂ တန်တင်ပို့ပြီး  အမေရိကန်ဒေါ်လာ  ၃၂၁ ဒသမ  ဝဝ၅ သန်းရရှိထားကြောင်း သိရသည်။

Dates: 
Tuesday, October 22, 2024 - 05:43