ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ ၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ ၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန်   အောက်တိုဘာ ၂၂

      မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ ၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိ သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ SKY Star Hotel ၌ ကျင်းပသည်။     

 အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးက ဂုဏ်ပြုအမှာစကားပြောကြားပြီး  ကြက်ခြေနီစွမ်းရည်ပြိုင်ပွဲ လေးယောက်တွဲ  သဏ္ဌာန်တူ(ပထမ)၊ နှစ်ယောက်တွဲ(ကျား)တို့တွင် ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အသင်းအတွက် ဆောင်ရွက်ပေးနိုင်မှုဆု၊ ဘေးအန္တရာယ် အမျိုးမျိုးတွင် ကူညီဆောင်ရွက်ပေးနိုင်မှုဆု၊ ရှေးဦးပြုစု ပေးနိုင်မှုဆု၊ စာစီစာကုံးပြိုင်ပွဲဆု၊ နည်းပြဆု၊ ရှေးဦးသူနာပြု သင်တန်းထူးချွန်ဆု၊ စွမ်းစွမ်း တမံကူညီပေးနိုင်မှုဆု၊ တိုင်းဒေသကြီးဆု၊ ဂုဏ်ပြုမှတ်တမ်းဆုများကို ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဝင်များ၊ တိုင်း ပညာရေးမှူး၊ တိုင်းကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ကြသည်။

 ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတွင် လိုအပ်နေသော အုပ်ချုပ်မှုယာဉ်တစ်စီးအား အလှူရှင်ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် မင်းရဲကျော်စွာလမ်း အမှတ်(၃၀)နေ ဦးရန်အောင်မျိုး(ဗဟိုကောင်စီဝင်-မြန်မာနိုင်ငံကြက်ခြေနီအသင်း)+ဇနီးဒေါ်ဖြိုးလှမြင့် မိသားစုတို့က ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးနှင့် ဒုတိယဥက္ကဋ္ဌ ဦးတင်မောင်တို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

Dates: 
Wednesday, October 23, 2024 - 06:01