ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ (၁၄)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အားပေး

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ (၁၄)ကြိမ်မြောက်  စုပေါင်းသွေးလှူဒါန်းပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အားပေး

 

နေပြည်တော် အောက်တိုဘာ ၂၅

     ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန   မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ (၁၄)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့တွင် နေပြည်တော်  ခုတင် (၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပရာဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအမှူးများ တက်ရောက်အားပေးကြသည်။ 

စုပေါင်းသွေးလှူဒါန်းပွဲတွင်  နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ  ဝန်ထမ်းများနှင့်စေတနာ သွေးလှူရှင်စုစုပေါင်း ၃၅  ဦးတို့က လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအမှူးများက လိုက်လံကြည့်ရှုအားပေးကာ စားသောက် ဖွယ်ရာများနှင့် ဆေးဝါးများကို ပေးအပ်ကြသည်။

ထို့နောက်   ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  သွေးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး က အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် နိုင်ငံတစ်ဝန်း  စုပေါင်းသွေးလှူဒါန်းပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ  သက်ဆိုင်ရာ ဆေးရုံများနှင့်သွေးဌာနများတွင် ပြုလုပ်ခဲ့ရာ စုစုပေါင်း ၂၁၀ ဦး သွေးလှူဒါန်းကြကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်   (၁၄) ကြိမ်မြောက် စုပေါင်း လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။           

Dates: 
Saturday, October 26, 2024 - 05:29