ပန်းတနော်မြို့နယ်၌ ဒေသထွက် ပီလောပီနံများ ပေါ်ချိန်တွင် အရောင်းအဝယ် ကောင်းမွန်နေ

 

ပန်းတနော်မြို့နယ်၌ ဒေသထွက် ပီလောပီနံများ ပေါ်ချိန်တွင် အရောင်းအဝယ် ကောင်းမွန်နေ

 

ပန်းတနော်  အောက်တိုဘာ  ၂၇

      ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၌   ဒေသထွက်ပီလောပီနံများ ပေါ်ချိန်တွင် ဝယ်လိုအားများပြီး အရောင်း အဝယ်ကောင်းမွန်နေကြောင်း ပန်းတနော် မြို့နယ်  လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းလုပ်ကိုင်သူ ဒေါ်နီနီဝင်း၏ပြောပြချက်အရ သိရသည်။

''ပီလောပီနံတွေ     အရောင်းအဝယ် ကောင်းနေပါတယ်။     ဒီဒေသမှာတော့ တောင်သူတွေက ပီလောပီနံ အမျိုးအစားနှစ်မျိုးစလုံးကို စိုက်ပျိုးကြပါတယ်။ လက်ရှိ တောင်သူတွေစိုက်ပျိုးထားတဲ့ ပီလောပီနံတွေ  စတင်ပေါ်နေတဲ့အချိန်ဖြစ်ပါတယ်။

အခုလို ပီလောပီနံပေါ်တဲ့အချိန် အရောင်း အဝယ်ကောင်းတော့    စိုက်တဲ့တောင်သူ တွေ     အဆင်ပြေလာတာ တွေ့ရပါတယ်။

ဒီနှစ်   ပီလောပီနံဈေးကောင်းရတာက ပီလောပီနံစိုက်တဲ့သူ နည်းသွားတာနဲ့ ဒေသ ဈေးကွက်အပြင်  ရန်ကုန်ဈေးကွက်ကပါ အဝယ်လိုက်နေလို့    ဖြစ်ပါတယ်''   ဟု ဒေါ်နီနီဝင်းကပြောသည်။

ပန်းတနော်မြို့နယ်၌ အောက်တိုဘာ လပထမပတ်မှစတင်ပြီး  ဒေသထွက်ပီလောပီနံများ  အရောင်းအဝယ်ကောင်း မွန်နေကြောင်း၊ အဆိုပါဒေသတွင် ပီလော ပီနံများပေါ်ချိန်ဖြစ်၍    အရောင်းအဝယ် ကောင်းမွန်နေကြောင်း သိရသည်။

Dates: 
Monday, October 28, 2024 - 03:49