ယနေ့ ထုတ်ပြန်ချက် အရ COVID-19 ရောဂါပိုးတွေ့ လူနာ ၁၁၈၂ ဦးထပ်တိုး

နေပြည်တော်  ဒီဇင်ဘာ  ၁၇

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ည ၈နာရီတွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန် ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာ ၁၁၈၂ဦးနှင့် သေဆုံးသူ ၃၁ ဦး ရှိကြောင်း သိရသည်။

(၁၆-၁၂-၂ဝ၂ဝ) ရက် ဓာတ်ခွဲ စစ်ဆေးမှုများ၌ တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၁၂၃၃ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေကို  ယနေ့ည ၆  နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၁၆-၁၂-၂ဝ၂ဝ)ရက် ည ၈နာရီမှ (၁၇-၁၂-၂ဝ၂ဝ)ရက် ည ၈နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၃၁၈၈ ခုအား  စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၁၁၈၂ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။