ရန်ကုန်၊ ပို့ဆောင်ရေး
ရန်ကုန်မြို့၌ ပြေးဆွဲပေးလျက်ရှိသည့့် YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခများအား ကတ်ဖြင့်ပေးချေနိုင် သည့့် YPS ကတ်စနစ်ကို ယာဉ်လိုင်းခြောက်လိုင်း၌ ထပ်မံတိုးချဲ့ထားပြီး ကတ်အရောင်းစင်တာ အသစ်နှစ်နေရာ ကိုလည်း ထပ်မံဖွင့်လှစ်ထားကြောင်း Asia Starmar Transport Intelligent ကုမ္ပဏီမှ သိရသည်။
YPS ကတ်စနစ်ဖြင့် ငွေပေးချေခြင်း ဝန်ဆောင်မှုထပ်တိုးသည့် ဘတ်စကားလိုင်းများမှာ YBS ၅၇ သခင်မြ ပန်းခြံ- လင်းစတောင်း(မြို့တွင်းပတ်)၊ YBS ၃၂ (ထောက်ကြန့် - ရေကြောင်းတက္ကသိုလ်)၊ YBS ၉၇ (ထောက်ကြန့် - စီးပွားရေး တက္ကသိုလ်)၊ (ရန်ကုန်ဘူတာကြီး - စီးပွား ရေးတက္ကသိုလ်)၊ YBS ၉၃ (ရန်ကုန် ဘူတာကြီး-အနောက်ပိုင်းတက္ကသိုလ်)၊ YBS ၉၄ (ရန်ကုန်ဘူတာကြီး - ကွန်ပျူတာ တက္ကသိုလ်)နှင့် YBS ၇၈ (ရန်ကုန် ဘူတာကြီး - ကွန်ပျူတာတက္ကသိုလ်)တို့ဖြစ်သည်။
ထို့ပြင် ကတ်အရောင်းစင်တာနှစ်နေရာကိုလည်း သခင်မြပန်းခြံအနီးနှင့် စံပြဈေးအနီးနေရာတို့တွင် ထပ်မံ ဖွင့်လှစ်ထားပြီး နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကတ်ဝယ်ယူခြင်းနှင့် ငွေဖြည့်သွင်းခြင်း ဝန်ဆောင်မှုများ ပြုလုပ်နိုင်ပြီဖြစ်သည်။
“ဒီယာဉ်လိုင်းတွေက ဒီဇင်ဘာ ၁၅ ရက် ကစပြီး ကတ်အသုံးပြုပြီး စီးနင်းနိုင်ပါတယ်။ ခရီးသည်တွေ အဆင်ပြေစေဖို့အတွက် ထပ်တိုးလိုက်တဲ့ဘတ်စကားတွေကို အတက်တစ်ကြိမ်သာ ကတ်ဖြတ်ပြီး စီးနင်းနိုင် အောင် ဆောင်ရွက်ထားပါတယ်။ ပြောင်းလဲမှုတစ်စုံတစ်ရာရှိခဲ့ရင် အချိန်နဲ့တစ်ပြေးညီ အသိပေးမှာ ဖြစ်ပါ တယ်” ဟု အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် YPS ကတ်စနစ်ကို့ YBS ယာဉ်လိုင်းနံပါတ် ၁၂၊ ၁၄၊ ၂၅၊ ၄၃၊ ၆၂၊ ၇၂၊ ၈၇၊ ၈၈၊ ၈၉၊ ၉၆၊ ၂၊ ၃၊ ၄၊ ၇၊ ၈၊ ၁၀၊ ၁၁၊ ၂၄၊ ၂၈၊ ၂၉၊ ၃၆၊ ၄၀၊ ၅၈၊ ၅၉ နှင့် ၆၅ တို့တွင် စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
ကျော်ကို