မအူပင်မြို့နယ်၌ ရှမ်းပြည်နယ်မှ ဝင်ရောက်လာသော ကြက်သွန်နီများ အရောင်းအဝယ်ကောင်းမွန်နေ

 

မအူပင်မြို့နယ်၌ ရှမ်းပြည်နယ်မှ ဝင်ရောက်လာသော ကြက်သွန်နီများ အရောင်းအဝယ်ကောင်းမွန်နေ

 

မအူပင်  နိုဝင်ဘာ  ၃

     ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌  ရှမ်းပြည်နယ်မှဝင်ရောက်လာသော ကြက်သွန်နီများ အရောင်းအဝယ်ကောင်း မွန်နေကြောင်း မအူပင်မြို့နယ်စားသောက် ကုန်ရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းလုပ်ကိုင်သူ  ဒေါ်ကြူ၏ ပြောကြားချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး     မအူပင်မြို့နယ်သို့     ရှမ်းပြည်နယ်မှ ထွက်ရှိသည့် ကြက်သွန်နီများ ပုံမှန်ဝင်ရောက်လျက်ရှိပြီး    အောက်တိုဘာလပထမပတ်က တစ်ရက်လျှင် ကြက်သွန်နီ ပိဿာ ၂၀၀ မှ ၄၀၀     အထိအရောင်းအဝယ်ဖြစ်ခဲ့ပြီး အောက်တိုဘာလနောက်ဆုံးပတ်မှ  လက်ရှိအချိန်ထိ   ကြက်သွန်နီ  ပိဿာ  ၅၀၀  မှ ၇၀၀ အထိအရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။

''ရှမ်းပြည်နယ်မှာ   အရင်နှစ်တွေကထက်  ဒီနှစ်   ကြက်သွန်နီအထွက်နှုန်းနည်းတယ်။   အထွက်နှုန်းနည်းပေမယ့်  ပုံမှန်ဝင်ရောက်နေပါတယ်။ တခြားဒေသတွေကနေ   ဧရာဝတီတိုင်းဒေသကြီးကို ကြက်သွန်နီ     တင်ပို့တာနည်းတယ်။

လက်ရှိ       ကြက်သွန်နီဈေးကလည်း  သင့်တင့်တယ်လို့ပြောရမယ်။ လက်ရှိမှာ ပိဿာ‌တော်တော်များများ    အရောင်းအဝယ်ဖြစ်နေပြီး   တစ်ရက်ကို   ပိဿာ၁၅၀  နဲ့အထက်မှာ အရောင်းအဝယ်ဖြစ်နေတယ်''ဟု ဒေါ်ကြူကပြောသည်။

မအူပင်မြို့နယ်၌   ကြက်သွန်နီများ အရောင်းအဝယ်   ကောင်းမွန်နေခြင်းကြောင့်     ကြက်သွန်နီစိုက်ပျိုးသူများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူများနှင့်      ကုန်တင်ကုန်ချ လုပ်သားများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Dates: 
Monday, November 4, 2024 - 05:59