ရေနံချောင်းမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲစင်းငုံ ၁၅၂၈၉ ဧကစိုက်ပျိုးပြီးစီးကာ သီးနှံများအောင်မြင်ဖြစ်ထွန်း

 

 

ရေနံချောင်းမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲစင်းငုံ ၁၅၂၈၉ ဧကစိုက်ပျိုးပြီးစီးကာ သီးနှံများအောင်မြင်ဖြစ်ထွန်း

 
ရေနံချောင်း နိုဝင်ဘာ  ၁၉

မကွေးတိုင်းဒေသကြီး   ရေနံချောင်း မြို့နယ်၌  ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင်  ပဲစင်းငုံ ၁၅၂၈၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ သီးနှံများအောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရေနံချောင်းမြို့နယ်၌ ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံးအနေ ဖြင့် ပဲစင်းငုံ  ၁၄၂၀၂ ဧကလျာထားစိုက်ပျိုးခဲ့ ရာ လက်ရှိတွင် ၁၅၂၈၉ ဧကစိုက်ပျိုးပြီးစီး ခဲ့ပြီး    လျာထားချက်ထက်    ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကာ ယခုအခါ အပွင့်၊ အသီး များ   လှိုင်လှိုင်ထွက်ပေါ်၍   အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ပဲစင်းငုံကို မုန့်လုပ်ငန်းများတွင် အဓိက အသုံးပြုပြီး    ပြည်တွင်းပဲစားသုံးမှုဖူလုံပိုလျှံစေရန်နှင့်      ပြည်ပပို့ကုန်အဖြစ်တင်ပို့ရောင်းချနိုင်ရန် သတ်မှတ်လျာထား ဧကထက်     ကျော်လွန်စိုက်ပျိုးနိုင်ရေး  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  တောင်သူများနှင့်   ပူးပေါင်းဆောင်ရွက်လျက်ရှိရာသီးနှံအထွက်နှုန်း     ကောင်းမွန်စေရေး၊ စိုက်ပျိုးရေးသွင်းအားစုများ   စနစ်တကျ သုံးစွဲနိုင်စေရေး၊  ပိုးမွှားရောဂါမကျရောက် အောင် ကြိုတင်ကာကွယ်နှိမ်နင်းနိုင်ရေး၊ အရည်အသွေးပြည့်ဝသောသီးနှံများ ရရှိ စေရေး ကွင်းဆင်းကြီးကြပ်ကာ နည်းပညာ များ  ပံ့ပိုးကူညီပေးလျက်ရှိကြောင်း  သိရ သည်။

ရေနံချောင်းမြို့နယ်၌ ပဲစင်းငုံကို မြေပဲ၊ နှမ်း၊ ပဲတီစိမ်း စသည့်သီးနှံစိုက်ခင်းများ တွင်  သီးညှပ်အဖြစ်  အများဆုံးစိုက်ပျိုးကြကြောင်းနှင့်      အရင်းအနှီးနည်းပြီးအမြတ်များများရရှိသော သီးနှံဖြစ်သည့် အတွက် တောင်သူများ အားထားစိုက်ပျိုး သည့်    သီးနှံတစ်မျိုးဖြစ်ကြောင်း    သိရ သည်။