လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းရောက်ရှိ 

လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းရောက်ရှိ 

 

နေပြည်တော် နိုဝင်ဘာ ၂၀

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ် နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့်Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာသော ကိုရီးယား နိုင်ငံထုတ် KIA EV-6 အမျိုးအစား လျှပ်စစ် သုံးမော်တော်ယာဉ်များနှင့် Fara Myanmar  EV Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် DAYUN YUEHU S1 (VIP EDITION) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ လာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့် အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။