တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Saurabh Kumar အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ - ၂၃
    
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Saurabh Kumar    အား ယနေ့ မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။
    
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ စစ်သံမှူး Colonel  Ketan Arun Mohite   တို့တက်ရောက်ကြသည်။
    
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လုံခြုံရေးနှင့်ကာကွယ်ရေး  ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်မြှင့်တင်ဆောင်ရွက်  နိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်း များတွင်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ သတင်းအချက်အလက်ဖလှယ် ရေး ဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် သွားမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။